နယ်သာလန် နိုင်ငံကနေ ပျံသန်းလာတဲ့ အမေရိကန်ပြည်ထောင်စုက North West လေကြောင်းပိုင် လေယဉ်ကြီးကို နိုက်ဂျီးရီးယား နိုင်ငံသား ခရီးသည် တယောက်က ခရစ်စ္စမတ်နေ့မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် နိုင်ငံတကာ လေဆိပ်တွေရဲ့ လုံခြုံရေးတွေ တင်းကြပ်ထားသလို သမ္မတ အိုဘားမားအစိုးရရဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး လုံခြုံရေး အစီအမံတွေအပေါ်မှာလည်း မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ ကိုသိန်းထိုက်ဦးနဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။