သောကြာ, 19 မတ် 2010
ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြသူတွေ နယူးဒေလီမှာ ဖမ်းဆီးခံရ
ပြည်ပရောက် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုအဖွဲ့တွေက
၂၀၁၀ ရွှေးကောက်ပွဲကို ဆန့်ကျင်တဲ့ global campaign ကမ္ဘာတ၀ှမ်း လှုပ်ရှားမှုတရပ်ကို
ဒီကနေ့မှာ စတင်လိုက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက
မြန်မာ သံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြသူ လူ ၇၀ နီးပါးကို
အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခံလိုက်ပြီး သူတို့ကို ဘာအမှုတွေနဲ့ တရားစွဲမယ်ဆိုတာ
မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်
ကိုကျော်ထင်က တင်ပြထားပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး
တောင်းဆိုဆန္ဒပြကြတဲ့ ဒေလီရောက် ဒီမိုကရေစီအင်အားစုတွေက မြန်မာသံရုံးကို ဖျက်ဆီး တယ်ဆိုတဲ့
စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အမျိုးသား ၅၃ ယောက်နဲ့
အမျိုးသမီး ၁၅ ယောက်ဟာ တင်မိုသီ ရဲစခန်းမှာ ထိန်းသိမ်းခံထားရပြီး
ဘယ်အမှုနဲ့တရားစွဲဆိုခံရမယ်ဆိုတာ မသိရသေးဘူးလို့ ဆန္ဒပြခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုကင်က
အခုလို ရှင်းပြပါ တယ်။
"ပျက်စီးတာကတော့ သံရုံးရဲ့ရှေ့မျက်နှာစာမှာရှိတဲ့
အဆောက်အဦး၊ တံခါး အကုန်ပျက်စီးသွားတယ်။ ဒါက ကျနော်တို့ လူထုက မကျေနပ်တာကိုပြတာ ဖြစ်တယ်၊
ဒီနေ့က။ နာရီဝက်လောက် ပြလာတဲ့နောက်ပိုင်းမှာ ရဲကလာဖမ်းတယ်။ အတင်းအဓမ္မဆွဲတာပေါ့နော်။
ဆွဲရမ်းတာတွေ လုပ်တယ်။ ကျနော်တို့အားလုံးကလည်း မသွားဘူး၊ ထိုင်ချလိုက်တယ်။
အဲဒီချိန်မှာ နအဖ သံအမတ်က ကျနော်တို့ကိုဖမ်းထားတဲ့ ရဲစခန်းမှူးကို သူကိုယ်တိုင်
တိုင်တယ်။ ကျနော်တို့ကို ရဲစခန်းကို ပို့လိုက်တယ်။ ကျနော်တို့ကို ဒီသံအမတ်ကနေ
အမှုဖွင့်တယ်လို့ ကြားတယ်။ ကျနော်တို့ကို ဆက်ချုပ်မလား၊ လွှတ်မလား ဆိုတာတော့
မသိရသေးဘူး။"
အာဏာပိုင်တွေက သံရုံးမျက်နှာစာကို လူစုလူဝေးနဲ့
စုဝေးလို့မရတဲ့နေရာအဖြစ် သတ်မှတ်ထားတာဖြစ်ပေမဲ့ အရင်ကလည်း
ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဒီနေရာမှာ မကြာခဏ ဆန္ဒပြလေ့ရှိပါတယ်။
အချုပ်ခန်းထဲမှာ ရှိနေတယ်ဆိုပေမဲ့ ဆန္ဒပြသမားတွေ
စိတ်ဓါတ်မကျကြဘူးလို့ ကိုကင်က ဆက်ပြောပါတယ်။
"ကျန်မာရေးရော၊ စိတ်ပိုင်းဆိုင်ရာရော
အားလုံး ကောင်းကြားတယ်။ ဒီရဲစခန်းကိုရောက်လို့ စိတ်ပျက်ပြီး ကြောက်ရွံ့တဲ့ မျက်နှာမျိုး
လုံးဝမရှိတဲ့အပြင်ကို ဟာသတွေလုပ်နေကြတယ်။ အကယ်၍ ကျနော်တို့ကို အိန္ဒိယအစိုးရက
ဆက်ပြီး ဖမ်းဆီး ထားမယ်ဆိုရင် ကျနော်တို့ကတော့ အစာငတ်ခံ ဆန္ဒပြဖို့စီစဉ်ထားတယ်။ လွတ်တဲ့အထိပေါ့လေ။"
အိန္ဒိယရောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ
အရင်လည်း အခုလို ဖမ်းဆီးတရားစွဲဆို ခံရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ပြစ်မှုထင်ရှားလို့
အပြစ်ပေးခံရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ မူလက ဖမ်းဆီးခံရသူတွေထဲက
၂၆ ယောက်ကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်သူ တွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
ဆက်လက်ဖမ်းဆီးထားတဲ့သူတွေကိုတော့ တားမြစ်ထားတဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက်မှုနဲ့
အရေးယူထားတယ်လို့လည်း ဆိုပါတယ်။
- နားဆင်ရန် ကိုကျော်ထင်
MP3
ဗွီအိုအေ တီဗွီသတင်းလွှာ (၂-၁၀ -၂၀၁၂)
To view this site, you need to have Flash Player 9.0.115 or later installed. Click here to get the latest Flash player.
မြန်မာစံတော်ချိန် နံနက် ၅း၃၀-၆း၃၀
မြန်မာစံတော်ချိန် ၆း၃၀-၇း၀၀
မြန်မာစံတော်ချိန် ညနေ ၆း၀၀-၇း၀၀
မြန်မာစံတော်ချိန် ညပိုင်း ၉း၀၀-၁၀း၀၀
VOA 60 - World News
စာမျက်နှာအသစ်နဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုလိုပါက burmese@voanews.com.