စနေ, 28 သြဂုတ် 2010
ရွေးကောက်ပွဲအပေါ် NLD သပိတ်မှောက်တဲ့ကိစ္စ
လာမယ့်နိုဝင်ဘာလ (၇) ရက်မှာ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ချက်အပေါ် ကြိဆို ထောက်ခံသူတွေရှိသလို၊ NLD ရပ်တည်ချက်ဟာ စစ်အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် သွယ်ဝိုက် ပံ့ပိုးရာ ရောက်စေတယ်လို့ ဆိုသူတွေလည်း ရှိနေပါတယ်။ ဒီကိစ္စကို ဆွေးနွေးရအောင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၊ Blogger ဒေါက်တာ လွမ်းဆွေတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။
အပတ်စဉ် စနေနေ့ညပိုင်း ၉း၀၀-၁၀း၀၀ နာရီ် အစီအစဉ်မှာ တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်းအစီအစဉ်ကို ထုတ်လွှင့်ပေးနေပါ တယ်။ အကြောင်းအရာအလိုက် တတ်သိပညာရှင်များပါဝင်ဆွေးနွေးပြီး သောတရှင်တို့ရဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးလိုသူတွေအနေနဲ့ အောက်ပါဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာတွေဆီ ဆက်သွယ်ပြီး မိမိအမည်နဲ့ ဖုန်းနံပါတ်ကို ကြိုတင်ပေးထားခြင်း အားဖြင့် ပါဝင်ဆွေးနွေးနိုင်ကြပါတယ်။
ဆက်သွယ်ရန် ....
Email: burmese@voanews.com ။ Phone: (+1) 202-382-5554 ။ Fax: (+1) 202-382-5552
အပတ်စဉ် စနေနေ့ညပိုင်းတွင် ဆွေးနွေးမည့် အကြောင်းအရာကို သတင်းထုတ်လွှင့်အစီအစဉ်မှ တဆင့် ကြိုတင်ကြေငြာပေးသွားပါမည်။