စိတ်လှုပ်ရှားမှု့ လွန်းကဲတာတခုဖြစ်တဲ့ စိတ်ဖိစီးမှု့တွေထဲမှာ အပြင်းထန်ဆုံးအကြောင်းအရာတခုကတော့ မိမိ အလွန်ချစ်မြတ်နိုးသူ တဦးတယောက် ရုတ်တရက် အသက်ဆုံးရှုံးသွားတဲ့အခါမှာ ဖြစ်တယ်ဆိုတာကို အများ သိထားကြပါတယ်။

ဒါပေမဲ့ အခုလို အလွန်အမင်း ဝမ်းနည်းယူကြုံးမရ ဖြစ်လာရင် နှလုံး ရုတ်တရက်ဖောက်ပြန်ဖြစ်ဖို့ အန္တရယ်က အများကြီး ခုန်တက်သွားတယ် ဆိုတာကိုတော့ အခုမှ သုတေသနတခုမှာ အသစ်တွေ့ရှိလိုက်တာပါ။  အခုလို နှလုံး ရုတ်တရက်ဖောက်တာအထိ ဖြစ်နိုင်တဲ့ တခြား စိတ်လှုပ်ရှား၊ ဖိစီးမှု့ ပြင်းထန်တာတွေရော ရှိနေပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Art Chimes သတင်းပို့ထားတာနဲ့  အမေရိကန်နိုင်ငံက မြန်မာလူမျိုး နှလုံးရောဂါအထူးကု ဆရာဝန် ဒေါက်တာ အောင်မြိုင် ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။