၂၀၁၂ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဗလစ်ကန်ဘက်က သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့်သူ တချို့ တရားဝင်ထုတ်ဖော်ကြေညာနေကြပါပြီ။ ၂၀၀၈ သမ္မတရွေးကောက်ပွဲမှာ ဒုတိယသမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလက်စကားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Sarah Palin ကတော့ ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ ၂၀၁၂ သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ အမေရိကန်ပြည်ထောင်စု ကျဆုံးစစ်သည်အောက်မေ့ဘွယ်နေ့ အခမ်းအနားတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ကိုဇော်ဝင်းလှိုင်တို့ ဆွေးနွေးတင်ပြထားပါတယ်။
