အမေရိကန်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ ရပ်တန့်မသွားအောင် နှစ်ပတ်ကြာ သက်တမ်းတိုးထားတဲ့ အစိုးရအသုံးစရိတ် ယာယီ ဥပဒေကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပါတယ်။ လာမယ့် မတ်လ ၁၈ ရက်နေ့အထိ သမ္မတအိုဘားမား အစိုးရအသုံးစရိတ်နဲ့ ပတ်သက်လို့ အတည်ပြုချက်မရရင် အမေရိကန်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ ယာယီ ရပ်ဆိုင်းရမှာဖြစ်တဲ့အတွက် ပါတီနှစ်ရပ်အကြား အခြေအတင်ဆွေးနွေးနေကြပါတယ်။ ဒီအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။
