အိုဆာမာ ဘင် လာဒင်ကို ပါကစ္စတန်ပိုင်နယ်ထဲမှာ ၀င်ရောက် သုတ်သင်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ သမ္မတအိုဘားမားကတော့ ဒီစစ်ဆင်ရေးဟာ အကျိုးအမြတ်ကို တွက်ပြီး စွန့်စားခဲ့ရတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်လို့ ပြောပါတယ်။ ဘင်လာဒင် သေဆုံးခဲ့ပြီးတဲ့နောက် အမေရိကန် နိုင်ငံရေးလောကအတွင်း ပြောဆိုချက်တွေနဲ့ ၂၀၁၂ သမ္မတ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။
