သောကြာ, 23 စက်တင်ဘာ 2011
ရသုံးလိုငွေ လျှော့ချရေး အစီအစဉ် သမ္မတအိုဘားမား အဆိုပြု
ဗဟိုအစိုးရရဲ့ ရသုံးလိုငွေလျှော့ချရေးအစီအစဉ်တွေကို သမ္မတအိုဘားမားကက စက်တင်ဘာလ (၁၉) ရက်နေ့က အဆိုပြုပြောကြားသွားပါတယ်။
ဓာတ်ပုံ White House
အမေရိကန် ဗဟိုအစိုးရ ရသုံးလိုငွေကွာဟချက် လျှော့ချရေး အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမား စက်တင်ဘာလ ၁၉ ရက်နေ့က သမ္မတအိမ်ဖြူတော်မှာ ရှင်းလင်းပြောဆိုစဉ်။ (ဓာတ်ပုံ၊ အေပီ၊ စက်တင်ဘာ ၂၀၁၁)
ဗဟိုအစိုးရရဲ့ ရသုံးလိုငွေလျှော့ချရေးအစီအစဉ်တွေကို သမ္မတအိုဘားမားကက စက်တင်ဘာလ (၁၉) ရက်နေ့က အဆိုပြုပြောကြားသွားပါတယ်။ ဒေါ်လာသန်းပေါင်း ၃ သန်း လျှော့ချရေး အစီအစဉ်တွေထဲမှာ ပါတဲ့ ချမ်းသာတဲ့ မိသားစုတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေဆီက အခွန်တွေ တိုးကောက်ရေး ကိစ္စတွေကိုတော့ ရီပတ်ဗလစ်ကန်ဘက်က ကန့်ကွက်နေပါတယ်။ သမ္မတအိုဘားမားက တိုင်းပြည်ရင်ဆိုင်နေရတဲ့ ငွေကြေး အခက်အခဲတွေကို မျှဝေတာဝန်ယူဖို့ ၀င်ငွေများတဲ့မိသားစုတွေနဲ့ ကုမ္ပဏီကြီးတွေကို တိုက်တွန်းနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာကဏ္ဍကို အပတ်စဉ် အင်္ဂါနေ့ မြန်မာစံတော်ချိန် ညပိုင်း ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။