တနင်္လာ, 23 မေ 2011
ဗဟိုအစိုးရ အကြွေးယူသုံးစွဲနိုင်တဲ့ ပမာဏထပ်တိုးရေး လွှတ်တော်ကို တိုက်တွန်း
ဗဟိုအစိုးရ လုပ်ငန်းတွေ လည်ပတ်ဖို့ အကြွေးယူသုံးစွဲနိုင်တဲ့ အတိုင်းအတာ အမြင်ဆုံးသတ်မှတ်ချက် ပြည့်သွားတဲ့အတွက် ထပ်မြှင့်ပေးဖို့ သမ္မတအိုဘားမား အစိုးရက တောင်းဆိုနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဗဟိုအစိုးရလုပ်ငန်းတွေ လည်ပတ်ဖို့ အကြွေးယူ သုံးစွဲနိုင်တဲ့ အတိုင်းအတာ အမြင့်ဆုံးသတ်မှတ်ချက် ပြည့်သွားတဲ့အတွက် ထပ်မြှင့်ပေးဖို့ သမ္မတအိုဘားမား အစိုးရက လွှတ်တော်ကို တောင်းဆိုနေပါတယ်။ ဒီအတိုင်းအတာကို ဆက်တိုးမပေးရင် တိုင်းပြည်အတွက် ပျက်စီးဆုံးရှုံးမှုတွေ ကြုံရမယ်လို့လည်း သတိပေးနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးထားပါတယ်။
အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာကဏ္ဍကို အပတ်စဉ် အင်္ဂါနေ့ မြန်မာစံတော်ချိန် ညပိုင်း ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။