သောကြာ, 03 ဒီဇင်ဘာ 2010
သံတမန်ရေးမှတ်တမ်းတွေပေါက်ကြားမှု ၀န်ကြီးကလင်တန် ရှုတ်ချ
သံတမန်လျို့ဝှက်မှတ်တမ်းတွေ Wikileaks ၀က်ဘ်ဆိုဒ်က ခိုးယူဖေါ်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး ၀န်ကြီးကလင်တန်က ရှုတ်ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး လျို့ဝှက်မှတ်တမ်းတွေကို Wikileaks အင်တာနက် ၀က်ဘ်ဆိုဒ်က ခိုးယူဖေါ်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဒီအကြောင်းနဲ့အတူ အမေရိကန် စီးပွားရေးနဲ့ ၂၀၁၂ သမ္မတရွေးကောက်ပွဲအတွက် ခန့်မှန်းချက်တွေကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။
အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာကဏ္ဍကို အပတ်စဉ် အင်္ဂါနေ့ မြန်မာစံတော်ချိန် ညပိုင်း ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။