ရီပတ်ဗလစ်ကန် သမ္မတလောင်းအဖြစ်ယှဉ်ပြိုင်နေသူတွေထဲက စီးပွားရေးလုပ်ငန်းရှင် Herman Cain ဟာ သူ့ရဲ့ မဲဆွယ် စည်းရုံးမှုတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေ ခံခဲ့ရပြီးတဲ့နောက် အခုလို မဲဆွယ်စည်းရုံးမှုတွေ ရပ်ဆိုင်းလိုက်ရတာပါ။ ဒီအကြောင်းနဲ့ အတူ အမေရိကန်ပြည်သူတွေအပေါ် အခွန်တွေလျော့ချထားတဲ့ ဥပဒေကို သက်တမ်းတိုးရေးကိစ္စ သမ္မတအိုဘားမားရဲ့ တိုက်တွန်းချက်တွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ မအေးသန္တာကျော်တို့ ဆွေးနွေးတင်ပြထားပါတယ်။
