အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ လခထဲက အခွန်တွေ လျော့ကောက်တဲ့ ဥပဒေကို နှစ်လ သက်တမ်းတိုးဖို့ကိစ္စနဲ့ အမေရိကန်ပြည်သူ အလုပ်လက်မဲ့ နှစ်သန်းလောက်ကို အကျိုးခံစားခွင့် နှစ်လ ဆက်ပေးဖို့ ကိစ္စတွေ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက ဒီဇင်ဘာလကုန် လွှတ်တော်အားလပ်ရက် မတိုင်ခင် အတည်ပြုဖို့ သဘောတူလိုက်ကြပါတယ်။ လာမယ့် ဇန္န၀ါရီလဆန်းမှာ ရီပတ်ဗလစ်ကန်တွေရဲ့ သမ္မတလောင်း အမည်စရင်းတင်သွင်းရေး အကြိုရွေးကောက်ပွဲတွေ စတင်ကျင်းပတော့မှာ ဖြစ်တဲ့အတွက် စီးပွားရေးနဲ့ အလုပ်အကိုင် ကိစ္စတွေကို သမ္မတလောင်းယှဉ်ပြိုင်သူတွေ ဦးစားပေးပြောဆိုနေကြပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။
