စစ်တွေနဲ့ ရန်ကုန်တို့မှာ မိသားစုကျန်းမာရေး ပြုစုစောင့်ရှောက်မှုနဲ့ပတ်သက်လို့ MSF - နည်းစည်းမခြားဆရာဝန်များအဖွဲ့ လက်အောက်မှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့တဲ့ ဒေါက်တာ နန်းသူသူကျော်နဲ့ တွေ့ဆုံမေးမြန်းပြီး - ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။ ဒေါက်တာ နန်းသူသူကျော် ဟာ လက်ရှိမှာ Fullbright ပညာတော်သင်ဆုနဲ့ အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် တက္ကသိုလ်မှာ M.Ph ခေါ် လူထုကျန်းမာရေးမဟာပညာဘွဲ့ကို တက်ရောက်ဆည်းပူးနေသူဖြစ်ပါတယ်။
