တေးဓာတ်ပြားတချပ်ထဲက သီချင်း (၅) ပုဒ် ဘီဘုတ် အကောင်းဆုံးတေးစာရင်းရဲ့  နံပါတ် (၁) နေရာကို ရရှိခဲ့ဖူးသူက အရင်ကဆို ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင် တယောက်တည်းပဲရှိခဲ့တာမို့ ဒါဟာ ကေတီပယ်ရီ အတွက် ကြီးကျယ်တဲ့အောင်မြင်မှုပါပဲ။ သူ့ရှေ့က ဂီတ အကျော်အမော် ဘယ်အမျိုးသမီးအဆိုတော်မှ ဒီလိုအခြေအနေကို မရခဲ့ပါဘူး။ နံပါတ်တစ်ဖြစ်တဲ့ ကေတီပယ်ရီရဲ့ သီချင်းတွေ ဒီမှာ နားထောင်ကြည့်နိုင်ပါတယ်။