မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှု ရှိနေဆဲ
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေနဲ့ပတ်သက်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းကို တိုင်ကြားကြတဲ့သူတွေကို ဒေသခံအာဏာပိုင်တွေက ဖမ်းဆီး ထောင်ချမှုတွေ ဆက်လက် ပြုလုပ်နေတဲ့အပေါ် စိုးရိမ်ကြောင်း အိုင်အယ်လ်အို (ILO) က ပြောပါတယ်။
မြန်မာ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ ရှုတ်ချ
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ကုသလမဂ္ဂ အထွေထွေညီလာခံက ချမှတ် လိုက်ပါတယ်။
ကုလ အထွေထွေညီလာခံ မြန်မာ့အရေး ဆုံးဖြတ်ချက်ချ
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုခဲ့ကြပြီးတဲ့နောက် အခုနောက်ဆုံး ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ နဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။
ဒေါ်စု တွေ့ဆုံရေး ကမ်းလှမ်းချက် စစ်အစိုးရ တုံ့ပြန်ဖို့ အမေရိကန် မျှော်လင့်
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွက် အကျိုးများစေမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်အစိုးရ အကြီးအကဲနဲ့ ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလိုက်တဲ့အပေါ် အစိုးရဘက်က တုံ့ပြန်သင့်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
ကျန်းမာရေးအတွက် ဆေးခြောက်အသုံးပြုခွင့် ပေးမလား
နိုဝင်ဘာ ၁၈၊ ၂၀၀၉။ အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးအတွက် ဆေးဝါးသဘောမျိုး ဆေးခြောက်သုံးစွဲခွင့်ပေးတဲ့ ပြည်နယ် ၁၄ပြည်နယ်ရှိနေပါတယ်။
မြန်မာနိုင်ငံကို စက်မှုနိုင်ငံကို စက်မှုနိုင်ငံ ထူထောင်ဖို့ ဖြစ်နိုင်ပါ့မလား
နိုဝင်ဘာ ၁၄၊ ၂၀၀၉။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံကို စက်မှုနိုင်ငံအဖြစ် ထူထောင်ရမယ်လို့ ဒီလဆန်းတုန်းက ပြောကြားသွားပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းရငွေမှ ပြည်သူ့ကျန်းမာရေးအတွက် ပိုသုံးသင့်
မြန်မာနိုင်ငံအတွက် နိုင်ငံတကာက အကူအညီ အထောက်အပံ့တွေ ပေးနေပေမဲ့ ကူညီပေးတဲ့နေရာမှာ ချောချောမွေ့မွေ့ဖြစ်အောင် မြန်မာစစ်အာဏာပိုင်တွေ ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ လက်တွေ့ လုပ်ဆောင်နေသူတွေက ထောက်ပြကြပါတယ်။
|