VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

08 နိုဝင်ဘာ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
မတည်မငြိမ် ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်မှာ ပီအေဒီ လို့ခေါ်တဲ့ အစိုးရ ဆန့်ကျင်ရေး အဖွဲ့ဦးဆောင်မှုနဲ့ ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ၀န်ဆာဝတ် (Somchai Wongsawat) အစိုးရဖြုတ်ချရေး ဆန္ဒပြတောင်းဆိုလာခဲ့တာ လပေါင်းများစွာကြာမြင်ခဲ့ပါပြီ။ အစောပိုင်း အစိုးရဝန်ကြီးရုံး နဲ့ အခုရက်ပိုင်းအတွင်း အဓိက လေဆိပ်ကြီးတွေကို သိမ်းပိုက်ကာ ဆန္ဒပြ တောင်းဆိုလာခဲ့ကြတာ ဒီဇင်္ဘာလ ၂ ရက်နေ့မှာ ထိုင်းနိုင်ငံတော် ဖွဲ့စည်းပုံရေးရာ တရားရုံးရဲ့ စီရင်ချက်ကို ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်က သူ့ကို နိုင်ငံရေး ၅ နှစ်မလုပ်ရ၊ သူ့ရဲ့နိုင်ငံရေးပါတီလည်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။ ပီအေဒီ ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်များက ဘန်ကောက် ၀န်ကြီးချုပ်ရုံးဝင်း သိမ်းပိုက်ထားမှု အဆုံးသတ်လိုက်ပြီ၊ လေဆိပ်သိမ်းပိုက်ထားတာကိုလည်း ဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီမှာ အဆုံးသတ်မယ်လို့ ကြေညာပါတယ်။ (Photo credit: AP)

သတင်းမှတ်တမ်း

ဗွီဒီယိုမှတ်တမ်း