Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 

ဗွီအိုအေမြန်မာပိုင်းအစီအစဉ်က နိုင်ငံတကာ နှင့် မြန်မာပြည်ဆိုင်ရာနောက်ဆုံးရသတင်းများ နှင့် တခြားသိမှတ်ဖွယ်ရာ အစီအစဉ်များကို နေ့စဉ် တစ်နေ့လေးကြိမ် အောက်ဖော်ပြ အချိန်များအတိုင်း အသံလွှင့်ပေးနေပါတယ်။

နေ့ စဉ်အသံလွှင့်အစီအစဉ်

မနက် - ၅း၃၀ နာရီ မှ ၆း၃၀ နာရီ (UTC ၂၃၀၀-၂၄၀၀)
ညနေ - ၆း၀၀ နာရီ မှ ၇း၀၀ နာရီ (UTC ၁၁၃၀-၁၂၃၀)
ညပိုင်း - ၉း၀၀ နာရီ မှ ၁၀း၀၀ နာရီ (UTC ၁၄၃၀-၁၅၃၀)

ညပိုင်း - ၁၀း၀၀ နာရီ မှ ၁၁း၀၀ နာရီ (UTC ၁၅၃၀-၁၆၃၀) [၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်ကို ပြန်လည်ထုတ်လွှင့်ခြင်း]

တနင်္ဂနွေ

မတူတာလေးတွေ။ ။ကမ္ဘာပေါ်က သက်ရှိသက်မဲ့ အရာအားလုံးနှင့် ပတ်သက်တဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာရေး အဖက်ဖက်က မတူညီမှုလေးတွေကို သောတရှင်များ အပြင်းပြေ ဗဟုသုတ ရစေဖို့ နှိုင်းယှဉ်တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်း။ ။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ အသီးသီး နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အတွေးအမြင် ဆွေးနွေးဖလှယ်မှုများကို တင်ပြထားပါတယ်။

မြန်မာပြည်မှပေးစာကဏ္ဍ။ ။ မြန်မာပြည်နှင့်နိုင်ငံတကာရောက် ဗွီအိုအေမြန်မာသောတရှင်များ၏ ပေးစာများကို ဖတ်ကြားပေး တင်ပြထားပါတယ်။

သက်ကြီးစကားသက်ငယ်ကြား ။ ။ သက်ကြီးစကားအစီအစဉ်မှ မြန်မာယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံတမ်းများ နှင့် ဗဟုသုတမှတ် သိမှတ်ဖွယ်ရာများကို တင်ပြထားပါတယ်။

ဒီမိုကရေစီခရီးစဉ်။ ။ ဒီမိုကရေစီအပြောင်းအလဲဆိုင်ရာ သဘောတရားနဲ့နိုင်ငံတကာအတွေ့အကြုံများကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ နဲ့ ဗွီအိုအေမြန်မာတို့ ပူးတွဲတင်ပြထားပါတယ်။

ဘလော့ဂ်ဂါတွေပြောသမျှ။ ။ စိတ်ဝင်စားဖွယ် အင်တာနက်ဘလော့ဂ်စာမျက်နှာများကို မိတ်ဆက်တင်ပြထားပါတယ်။

တနင်္လာ
အင်္ဂလိပ်စာသင်ခန်းစာ (အမေရိကန်အီဒီယံအသုံးအနူန်းများ)။ ။ အင်္ဂလိပ်စာလေ့လာနေသူများ အမေရိကန်များ သုံးစွဲပြောဆိုလေ့ ရှိသည့် ခေတ်မီအီဒီယံ ဝေါဟာရစကားလုံးများ နှင့် ဘန်းစကားအသုံးအနှုန်းများကို လေ့လာနားဆင်နိုင်ပါတယ်

စီးပွားရေးရာကဏ္ဍ ။ ။ မြန်မာ၊ အာရှ နှင့် အမေရိကန်နိုင်ငံပြည်ထောင်စု၏ စီးပွားရေး၊ ဘဏ္ဏာရေး နှင့် ပညာရေးဆိုင်ရာ သတင်း အကြောင်းအရာများကို ဆွေးနွေးတင်ပြထားပါတယ်။
အင်္ဂါ
အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာစကားဝိုင်း။ ။ အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီစနစ်၊ အထိန်းအကွပ် အပေးအယူ၊ ပြည်သူတို့ ၏ အခန်းကဏ္ဍများအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။

အနုပညာမိုးကောင်ကင်။ ။ ထင်ရှားကျော်ကြားသော မြန်မာ့တေးဂီတ၊ ရုပ်ရှင်အနုပညာရှင်များ၏ အနုပညာနယ်ပယ်အကြောင်း နဲ့ ကဗျာစာရေးဆရာများနဲ့ အင်တာဗျူးဆွေးနွေးစကားဝိုင်းကို နားဆင်နိုင်ပါတယ်။
ဗုဒ္ဓဟူး
ကျန်းမာရေးကဏ္ဍ။ ။ အေ့စ် (ကိုယ်ခံစွမ်းအားကျဆင်းရောဂါ)၊ ငှက်ဖျား၊ တီဘီအဆုတ်ရောဂါများအကြောင်းကို တက်သိကျွမ်းကျင် ကျန်းမာရေးဆရာဝန်များ နှင့် ဆွေးနွေးမေးမြန်းခြင်း နဲ့ ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို နားဆင်နိုင်ပါတယ်။

တပတ်အတွင်း ကမ္ဘာ့အားကစားသတင်း။ ။ နိုင်ငံတကာ ဘော်လုံး၊ တင်းနစ်၊ ပြေးခုန်ပစ် နှင့် အားကစားသတင်းပဒေသာကို တင်ပြထားပါတယ်။

မြန်မာ့အရေးသုံးသပ်ချက်။ ။ ဦးကျော်ဇံသာ၏  မြန်မာ့အရေးသုံးသပ်ချက်

ကြာသပတေး
သုတစုံလင်အမေရိကန်နိုင်ငံတခွင်။ ။ အမေရိကန်လူမျိုးများ နှင့် အမေရိကန်နိုင်ငံ ထုံးတမ်းဓလေ့ယဉ်ကျေးမှုများကို စိတ်ဝင်စားဖွယ် မိတ်ဆက်တင်ပြပေးထားပါတယ်

စကားပြောကြရအောင် (လူငယ်ကဏ္ဍ) ။ ။ ကမ္ဘာ့နိုင်ငံများ၏ ပညာရေး၊ နည်းပညာ၊ ဗဟုသုတ အချက်အလက်များကို လူငယ်တို့၏ အမြင်အတွေးများ နှင့် ထင်ဟပ်တင်ပြထားပါတယ်
သောကြာ
သိပ္ပံနဲ့ နည်းပညာ ။ ။ စိုက်ပျိုးရေး၊ စက်မှုနည်းပညာ၊ သိပ္ပံ၊ သဘာဝပတ်ဝန်းကျင်ရေးရာ နှင့် အာကာသလေ့လာစူးစမ်းမှုများကို ဒီအစီအစဉ်ကဏ္ဍမှာ နားဆင်နိုင်ပါတယ်

အမျိုးသမီးရေးရာ။ ။ ယနေ့ အောင်မြင်ထင်ရှားနေသော ကမ္ဘာနဲ့မြန်မာအမျိုးသမီးများ၏ အလုပ်အကိုင်၊ အတွေးအခေါ်၊ လှုပ်ရှားမှုများကို နားဆင်နိုင်ပါတယ်
စနေ
မြန်မာ့အရေးသုံးသပ်ချက် ။ ။ ဦးအောင်ခင်၏ မြန်မာ့အရေးသုံးသပ်ချက်။

တပတ်အတွင်းမြန်မာ့သတင်း။ ။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ခဲ့သမျှ မြန်မာပြည်အခြေအနေသတင်းများ။

တိုက်ရိုက်လေလှိုင်း။ ။ အကြောင်းအရာအလိုက် တတ်သိပညာရှင်များပါဝင်ဆွေးနွေးပြီး သောတရှင်တို့ရဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

သူယုံကြည်ရာ။ ။ လူမှု့ရေး၊ စီးပွားရေး၊ ဘာသာရေး နယ်ပယ်အသီးသီးမှာ လူတိုင်းလူတိုင်း သူယုံကြည်တာတွေကို ပြောဆိုတင်ပြထားသည့် အစီအစဉ်။

ဗွီအိုအေမြန်မာပိုင်းမှ နေ့စဉ်ထုတ်လွှင့်ပေးနေသော သတင်းများကို www.voanews.com/burmese/ မှာ နားဆင်နိုင်ပါတယ်။ ပုံမှန်နားဆင်ကာ လိုအပ်သည်များကို ဝေဖန်အကြံပေးနိုင်ပါတယ်။