VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

08 နိုဝင်ဘာ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး

ဗွီအိုအေမြန်မာပိုင်းအစီအစဉ်က နိုင်ငံတကာနဲ့ မြန်မာပြည်ဆိုင်ရာ နောက်ဆုံးရသတင်းတွေ၊ တခြားသိမှတ်ဖွယ်ရာ အစီအစဉ်တွေကို အောက်ဖော်ပြပါ အချိန်တွေအတိုင်း နေ့စဉ် တစ်နေ့ ငါးကြိမ် အသံလွှင့်ပေးနေပါတယ်။

နေ့ စဉ်အသံလွှင့်အစီအစဉ်

နံနက်ပိုင်း - ၅း၃၀ နာရီ မှ ၇း၀၀ နာရီ (UTC ၂၃၀၀-၂၄၀၀)
နံနက်ပိုင်း - ၈း၀၀ - ၉း၃၀ နာရီ (ပြန်လွှင့်) (UTC ၀၁၃၀-၀၃၀၀)
ညနေပိုင်း - ၆း၀၀ နာရီ မှ ၇း၀၀ နာရီ (UTC ၁၁၃၀-၁၂၃၀)
ညပိုင်း - ၉း၀၀ နာရီ မှ ၁၀း၀၀ နာရီ (UTC ၁၄၃၀-၁၅၃၀)
ညပိုင်း - ၁၀း၀၀ နာရီ မှ ၁၁း၀၀ နာရီ (UTC ၁၅၃၀-၁၆၃၀) [၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်ကို ပြန်လည်ထုတ်လွှင့်ခြင်း]

မြန်မာတီဗွီမဂ္ဂဇင်း အစီအစဉ် ။ ။နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၇) နာရီ - (၇) နာရီခွဲ (တနင်္ဂနွေနေ့တိုင်း အစီအစဉ်သစ် တင်ဆက်ပြီး ကျန်ရက်များတွင် ပြန်လည်ထုတ်လွှင့်မည်)။

ဖမ်းယူကြည့်ရှုရန် ။ ။ အိန္ဒိယသမုဒ္ဒရာဒေသတွင်း ဆက်သွယ်ရေးဂြိုလ်တု (IOR) နဲ့ အေရှားဆက် အမှတ် (၃) ဆက်သွယ်ရေးဂြိုလ်တု (AsiaSat-3) တို့မှ ဖမ်းယူကြည့်ရှုနိုင်ပါတယ်။

တနင်္ဂနွေ

မတူတာလေးတွေ ။ ။ ကမ္ဘာပေါ်က သက်ရှိသက်မဲ့မှန်သမျှနဲ့ ပတ်သက်တဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာရေးတွေမှာ အဘက်ဘက်က မတူညီ ကွဲပြားနေမှုလေးတွေကို သောတရှင်များ အပျင်းလည်းပြေ ဗဟုသုတလည်း ရစေဖို့ နှိုင်းယှဉ်တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်း ။ ။ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အဖွဲ့ အသီးသီးနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ အတွေးအမြင်တွေ၊ ဆွေးနွေးဖလှယ်မှုတွေကို တင်ပြထားပါတယ်။

မြန်မာပြည်မှပေးစာကဏ္ဍ ။ ။ ။ မြန်မာပြည်တွင်းက သောတရှင်တွေနဲ့ နိုင်ငံတကာရောက် ဗွီအိုအေမြန်မာသောတရှင်တွေရဲ့ ပေးစာတွေကို ဖတ်ကြားတင်ပြပေးထားပါတယ်။

သက်ကြီးစကားသက်ငယ်ကြား ။ ။ မြန်မာယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွေနဲ့ သိမှတ်ဖွယ်ရာတွေကို တင်ပြထားပါတယ်။

ဒီမိုကရေစီခရီးစဉ် ။ ။ ဒီမိုကရေစီအပြောင်းအလဲဆိုင်ရာ သဘောတရားနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ ဗွီအိုအေမြန်မာတို့ ပူးတွဲတင်ပြထားပါတယ်။

ဘလော့ဂါတွေပြောသမျှ ။ ။ စိတ်ဝင်စားဖွယ် အင်တာနက်ဘလော့ စာမျက်နှာတွေကို မိတ်ဆက် တင်ပြထားပါတယ်။

တနင်္လာ
အင်္ဂလိပ်စာသင်ခန်းစာ (အမေရိကန်အီဒီယံအသုံးအနူန်းများ) ။ ။ အမေရိကန်လူမျိုးတွေ သုံးစွဲပြောဆိုလေ့ရှိတဲ့ ခေတ်မီ အမေရိကန် အီဒီယံ ဝေါဟာရ စကားလုံးတွေနဲ့ ဘန်းစကား အသုံးအနှုန်းတွေကို အင်္ဂလိပ်စာ လေ့လာနေတဲ့သူတွေ လေ့လာ နားဆင်နိုင်ဖို့ တင်ပြထား ပါတယ်။

စီးပွားရေးကဏ္ဍ ။ ။ မြန်မာ၊ အာရှ နဲ့ အမေရိကန်နိုင်ငံပြည်ထောင်စုရဲ့ စီးပွားရေး၊ ဘဏ္ဍာရေး နဲ့ ပညာရေးဆိုင်ရာသတင်း အကြောင်းအရာများကို ဆွေးနွေးတင်ပြထားပါတယ်။

အင်္ဂါ
အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာစကားဝိုင်း ။ ။ အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီစနစ်၊ အထိန်းအကွပ် အပေးအယူ၊ ပြည်သူတို့၏ အခန်းကဏ္ဍများအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။

အနုပညာမိုးကောင်ကင် ။ ။ ထင်ရှားကျော်ကြားတဲ့ မြန်မာ့တေးဂီတပညာရှင်တွေ၊ ရုပ်ရှင်အနုပညာရှင်တွေပြောပြတဲ့ အနုပညာနယ်ပယ်အကြောင်းတွေနဲ့ ကဗျာဆရာ စာရေးဆရာတွေရဲ့ အင်တာဗျူးတွေ ဆွေးနွေးစကားဝိုင်းတွေကို နားဆင်နိုင်ပါတယ်။

တိုက်ရိုက်လေလှိုင်း ။ ။ အကြောင်းအရာအလိုက် သောတရှင်တွေရဲ့ မေးခွန်းတွေကို တတ်သိပညာရှင်တွေက ပါဝင်ဆွေးနွေးပြီး ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူး
ကျန်းမာရေးကဏ္ဍ ။  ။ အေ့စ် (ကိုယ်ခံစွမ်းအားကျဆင်းရောဂါ)၊ ငှက်ဖျား၊ အဆုတ်ရောဂါနဲ့ တခြားကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွေကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ တက်သိပညာရှင်များနဲ့ ဆွေးနွေးမေးမြန်းတင်ဆက်ထားပါတယ်။

တပတ်အတွင်းအားကစားသတင်း ။ ။ နိုင်ငံတကာက ဘောလုံး၊ တင်းနစ်၊ ပြေးခုန်ပစ်တွေ အပါအ၀င် အားကစားသတင်း ပဒေသာကို တင်ပြထားပါတယ်။

မျက်မှောက်ရေးရာသုံးသပ်ချက် ။ ။ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးကမ္ဘာ့အရေးဆိုင်ရာ သုံးသပ်ဆွေးနွေးချက်တွေ ဖြစ်ပါတယ်။


ကြာသပတေး
သုတစုံလင်အမေရိကန်တခွင် ။ ။ အမေရိကန်ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံတွေကို ဒေသန္တရဗဟုသုတအဖြစ် မှတ်သားနိုင်ဖို့ မိတ်ဆက်တင်ပြပေးနေပါတယ်။

စကားပြောကြရအောင် (လူငယ်ကဏ္ဍ) ။ ။ ကမ္ဘာ့နိုင်ငံတွေက ပညာရေး၊ နည်းပညာနဲ့ အထွေထွေ ဗဟုသုတတွေကို လူငယ်တွေရဲ့ အမြင်အတွေးတွေနဲ့ ထင်ဟပ် တင်ပြ နေပါတယ်။

ရသစာအုပ်စင် ။ ။ မြန်မာပြည်ထုတ် လုံးချင်းဝတ္ထုများ၊ ဝတ္ထုတိုများ၊ ကဗျာများ စတဲ့ ရသစာပေများကို ညွှန်းတဲ့ကဏ္ဍ ဖြစ်ပါတယ်။

တိုင်းရင်းသတင်းလွှာ ။ ။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို ဒေသခံ သတင်းထောက်တွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

သောကြာ
သိပ္ပံနဲ့ နည်းပညာ ။ ။ စိုက်ပျိုးရေး၊ စက်မှုနည်းပညာ၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနဲ့ သိပ္ပံ၊ အာကာသလေ့လာ စူးစမ်းမှုတွေကို ဒီအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

အမျိုးသမီးများကဏ္ဍ ။ ။ အောင်မြင်ထင်ရှားတဲ့ ကမ္ဘာ့အမျိုးသမီးတွေ နဲ့ မြန်မာအမျိုးသမီးတွေရဲ့ အလုပ်အကိုင်၊ အတွေးအခေါ်၊ လှုပ်ရှားမှုတွေကို နားဆင်နိုင်ပါတယ်။

စနေ
မျက်မှောက်ရေးရာသုံးသပ်ချက် ။ ။ ဦးအောင်ခင်ရဲ့ မြန်မာ့အရေး ကမ္ဘာ့အရေးဆိုင်ရာ သုံးသပ်ချက်တွေကို တင်ပြပေးနေပါတယ်။

တပတ်အတွင်းမြန်မာ့သတင်း ။ ။ ပြီးခဲ့တဲ့် သီတင်းတပတ်အတွင်း ဖြစ်ပျက်ခဲ့သမျှ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို စုစည်း တင်ဆက်ပေးနေပါတယ်။

တိုက်ရိုက်လေလှိုင်း ။ ။ အကြောင်းအရာအလိုက် တတ်သိပညာရှင်တွေ ပါဝင်ဆွေးနွေးပြီး သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

သူယုံကြည်ရာ ။ ။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေး နယ်ပယ်အသီးသီးမှာ လူတိုင်းလူတိုင်း သူယုံကြည်တာတွေကို ပြောဆိုတင်ပြထားသည့် အစီအစဉ်ဖြစ်ပါတယ်။အစီအစဉ်ဖြစ်ပါတယ်။

ဗွီအိုအေမြန်မာပိုင်းမှ နေ့စဉ်ထုတ်လွှင့်ပေးနေသော သတင်းများကို www.voanews.com/burmese/ မှာ နားဆင်နိုင်ပါတယ်။ ပုံမှန်နားဆင်ကြကာ လိုအပ်သည်များကို ဝေဖန်အကြံပေးနိုင်ပါတယ်။