Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 

အပတ်စဉ်သောကြာနေ့ ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် သိပ္ပံနှင့်နည်းပညာကဏ္ဍကို ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။


ဂြိုဟ်သစ် ကမ္ဘာသစ် ရှာဖွေနေကြသူများ

new planet
ဂြိုဟ်သစ် ကမ္ဘာသစ် ရှာဖွေနေကြတဲ့ သိပ္ပံပညာရှင်တွေ တွေ့ထားတဲ့ ဂြိုဟ်ပေါင်း ၂၅၀ ကျော်ထဲက ကမ္ဘာနဲ့ ရေးရေး တူတဲ့ ဂြိုဟ်ဆိုလို့ တစ်လုံးသာတွေ့ရသေးပေမယ့် သူတို့ဟာ စိတ်ပျက်လက်လျှော့ မသွားကြတဲ့အပြင်   ပိုလို့တောင် အားတက်နေကြပါသေးတယ်။

ဒီဂြိုဟ်သစ် ကမ္ဘာသစ်တွေကို ဘယ်လို ရှာဖွေနေကြတယ်ဆိုတာကို NASA အမေရိကန် အာကာသ လေ့လာစူးစမ်းရေး အဖွဲ့က ဒေါက်တာပဒေသာတင်ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

 

ကမ္ဘာကြီး ပူနွေးလာမှုအတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ရန် သိပ္ပံပညာရှင်တွေ တိုက်တွန်း

UNFCCC Executive Secretary Yvo de Boer (R) answers question during press briefing at UN Climate Change Conference 2007, 06 Dec 2007

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာလီ ညီလာခံ

နိုင်ငံပေါင်း ၁၉၀ လောက်က သိပ္ပံပညာရှင်တွေနဲ့ ဖွံ့ ဖြိုးတိုးတက်ရေး အတွက်လှုပ်ရှားသူ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ကြတဲ့ ဒီ ဘာလီဆွေးနွေးပွဲမှာ ကမ္ဘာ ကြီးပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့  ထုတ်လွှတ်မှုအတွက် စည်းကမ်းမဲ့ သစ်ခုတ်တာ စက်ရုံ အလုပ်ရုံတွေနဲ့ လောင်စာဆီတွေ အသုံးပြုနေတာမျိုးကို လူသားတွေကပဲဖန်တီးနေကြတာမို့  ဒါတွေကို ကန့်သတ်ပေးဘို့  သိပ္ပံ ပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။

သန္ဓေသားက မဟုတ်ဘဲ အရေပြားကတဆင့် ပင်မအခြေခံဆဲလ်တွေထုတ်နိုင်ပြီ

Laboratory, embryonic stem cells
ပင်မအခြေခံဆဲလ် စမ်းသပ်နေပုံ
(နိုဝင်ဘာ ၂၃၊ ၂၀၀၇) လူသားတွေအတွက် အင်မတန်တန်ဖိုးရှိတဲ့ ပင်မအခြေခံ ဆဲလ်ကို အရေပြားဆဲလ် ကနေတဆင့် ဖန်တီးယူနိုင်တဲ့ နည်းပညာသစ်ကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိပြီ ဖြစ်ကြောင်း တင်ပြထားပါတယ်။


မြန်မာနိုင်ငံတွင် အင်တာနက် ပိတ်ပင်မှုတွေနဲ့  ဖောက်ထွင်းသုံးစွဲနေသူများ

Man at internet cafe in Abidjan viewing VOA website
(နိုဝင်ဘာ ၁၆၊ ၂၀၀၇) မြန်မာအာဏာပိုင်တွေရဲ့  အင်တာနက်ပိတ်ပင်မှုတွေကို ကျော်လွန်ပြီး သုံးစွဲနေသူများနဲ့  ကျော်လွန်သုံးစွဲလို့ ရတဲ့ software တွေ အကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် မြန်မာသတင်းနဲ့ နည်းပညာရုံး မန်နေဂျာ ဦးအောင်ကျော်မျိုးကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။


မြန်မာဘလော့ဂါတွေနဲ့  ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လွတ်လပ်လပ် သုံးနိုင်ရေးအဖွဲ့ 

Picture received by MoeMaka Media internet blog shows debris at Ngwe Kyar Yan monastery after security forces stormed the building in eastern part of Rangoon, 27 Sept 2007
(နိုဝင်ဘာ ၉၊ ၂၀၀၇) မြန်မာနိုင်ငံထဲက ဘလော့ဂါလို့ ခေါ်တဲ့ ကွန်ပြူတာအင်တာနက်ပေါ်မှာ ကိုယ်ပိုင်စာမျက်နှာတွေဖွင့်ပြီး ရေးနေကြတဲ့သူတွေ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးချင်နေကြသူတွေ အစိုးရရဲ့  ပိတ်ပင်မှုတွေကို ကျော်လွန်ပြီး သုံးနေတာတွေနဲ့  ပတ်သက်ပြီး GIF လို့ ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြထားပါတယ်။


စွန့်ပစ်ပစ္စည်းများအားသန့်စင်ရန် သစ်ပင်များကို အသုံးချခြင်း

(နိုဝင်ဘာ ၂၊ ၂၀၀၇) အမေရိကန် သိပ္ပံအကယ်ဒမီအဖွဲ့၏ သုတေသနစာတမ်းတွင် စွန့်ပစ်ပစ္စည်း၊ ဖောက်ခွဲရေးမှထွက်လာတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းစေသော အဆိပ်ငွေ့များကို ရှင်းလင်း သန့်စင်ဖို့ သစ်ပင်များကို အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။


» နောက်ဆုံးထုတ်လွှင့်အစီအစဉ်များ