VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

07 ဖေဖေါ်ဝါရီ 2010 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
ဖေဖေါ်ဝါရီလ ပထမပတ် တီဗွီမဂ္ဂဇင်းအစီအစဉ်

07 February 2010

၂၀၁၀ ဖေဖေါ်ဝါရီလ ပထမပတ် တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့  မြန်မာပြည် သွားရောက်မည်ခရီးစဉ်အကြောင်း။ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်လာဖို့ အန်အယ်လ်ဒီ ပါတီ ပြောဆိုချက်။ ထိုင်း-မြန်မာပြည်နယ်စပ်မှ မြန်မာဒုက္ခသည်များကို ဂျပန်နိုင်ငံမှာ ပြန်လည်နေရာချထားပေးဖို့အတွက် ဂျပန်ကိုယ်စားလှယ်အဖွဲ့ မြန်မာဒုက္ခသည်များကို သွားရောက်တွေ့ဆုံခြင်းသတင်း။ အမေရိကန်အော်စကာဆု (Oscar Award) နဲ့ Burma VJ မှတ်တမ်းရုပ်ရှင်အကြောင်း။ နိုင်ငံတကာမှ သံဃာတော်များ နဲ့ ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဂါယာမှာ ဗုဒ္ဓပူဇော်ပွဲကျင်းပ။ ဟေတီမြေငလျင် (Haiti Earthquake) နောက်ဆက်တွဲသတင်းများ။ အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ် (Taiwan) ကို လက်နက်ရောင်းချမှု နဲ့ တရုတ်အစိုးရတုံ့ပြန်ချက်။ ကာတွန်းဟန်လေးရဲ့  'ပွဲကဘယ်တော့စမှာလဲ' ကာတွန်းလက်ရာ။ YouTube အင်တာနက်ကွန်ယက် နဲ့ မြန်မာ့အရေးလှုပ်ရှားမှုဆိုင်ရာ။ အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား မွန်၊ ကရင်လူမျိုးများရဲ့  နှစ်သစ်ကူး နဲ့ အမျိုးသားနေ့ အခမ်းအနားပွဲများအကြောင်း။ ထိုင်းနိုင်ငံရောက် မွန်လူမျိုးများရဲ့  အမျိုးသားနေ့အခမ်းအနား။ ၂၀၁၀ Sundance ရုပ်ရှင်ပွဲတော် (Sundance Film Festival) အကြောင်း။ ထိုင်းနိုင်ငံ ပတ္ထယားကမ်းခြေ အိပ်ယာတွန်းပွဲ (Pattaya International Bed Race) အကြောင်း။ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ဆောင်ရွက်နေမှု စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းဆောင်းပါးများကို တင်ဆက်ထားပါတယ်။

အောက်ပါ wmv နဲ့ real လင့်(ခ်)များကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

မိမိမှာ broadband လို မြန်ဆန်တဲ့ အင်တာနက်ချိတ်ဆက်မှု (internet connection) ရှိနေရင် ဖိုင်အကြီးစား (broadband) လင့်(ခ်) wmv နဲ့ real တွေကို ရယူကြည့်ရှု့ ပါ။ တကယ်လို့ နှေးကွေးတဲ့ ဖုန်းလိုင်းကတစ်ဆင့် (dial-up) အင်တာနက်ချိတ်ဆက်မှု နဲ့ ဆိုရင်တော့ ဖိုင်အသေးစား dial-up လင့်(ခ်) wmv နဲ့ real တွေကို ရယူကြည့်ရှု့ ပါ။

» ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်များ


These videos are the property of VOA Burmese Service and hosted on YouTube

အပိုင်း (၁)

အပိုင်း (၂)

အပိုင်း (၃)

အပိုင်း (၄)



မှတ်ချက် အကြံပြုချက်များ:

1.

I Believe your news
မှတ်ချက်တင်သွင်းသူ: Thant Zaw Heine (Myanmar)
12-27-2009 - 08:58:34

2. လု့ အခွင့်အရေး

ကျွန်တော် မြန်မာပြည်ဖွုား မြန်မာနိုင်ငံသားတစ်ဦးပါ၊ ရခိုင်အမျိုးသားတဦး မဟုတ်သလို ရိုဟင်ဂျာအမျိုးသားလည်းမဟုတ်ပါ။ (11-16-2009) ခေါင်းစဉ်(ရိုဟင်ဂျာဟူသောအသုံးအနှုံးမသုံးရန်)ဖြင့် ရေးသားထားသူ (saw_yakhawaddy USA)၏ မှတ်ချက်အား (လုံးဝ) ကဲ့ရဲ့ ရှုန့် ချလိုက်သည်။ အဆိုပါ ပုဂ္ဂိုလ်ကြီးသည် လူ့အခွင့်အရေးအပြည့်အ၀ရသော အမေရိကန်နိုင်ငံကြီးမှာနေ၍၊ လူ့ အခွင့်အရေး ၊ နိုင်ငံရေးနှင့် လူမျိုးရေးအကြောင်း သေချာမသိသေး ပါဟု့  မှတ်ချက်ပေး ယူဆမိပါသည်။
မှတ်ချက်တင်သွင်းသူ: ကျော်မင်းထွန်း (မလေးရှား)
12-27-2009 - 07:48:15

3. Video Podcast လုပ်ပေးပါရန်

VOA အသံ ပေါ့ကဒ်ကို အမြဲ နားထောင်ပါတယ်၊ Video Podcast လင့်လေး တစ်ခုလုပ်ပေးမယ်ဆိုရင်လည်း ကောင်းပါတယ်။ တိုက်ရိုက်လွှင့်တဲ့အချိန် နားထောင်ဖို့ အဆင်မပြေတာမို့ . ပေါ့ကဒ်ဟာ အဆင်ပြေဆုံးဖြစ်စေပါတယ်။ Video Podcast ရှိလာမယ်ဆို မိုဘိုင်ဖုန်း သုံးကြသူတွေ အဆင်ပြေပါစေလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။
မှတ်ချက်တင်သွင်းသူ: ထိုက်မင်း (Finland)
12-26-2009 - 16:41:28

4. ၂၀၁၀

VOA ဌာနက ဆရာများခင်ဗျား။ ၂၀၁၀ ရွေးကောက်ပွဲ စတင်မည့် ရက်၊ လ ကိုအတိအကျသိချင်ပါတယ်၊ အဲ့ဒီရွေးကောက်ပွဲ တကယ်လုပ်ဖြစ် မလုပ်ဖြစ၊် လုပ်ဖြစ်ရင်လည်း အရင်အတိုင်း လူမသိ သူမသိ ရွေးကောက်ပွဲကြီးပျောက်သွားမှာလား။ ဒါမှမဟုတ် တပ်မတော်ကဦးစီး ကျင်းပတဲ့ ရွေးကောက်ဗိုလ်လုပွဲမှာ တပ်မတော်ကသာလျှင် ဗိုလ်ဆွဲသွုားမလား။ ကျွန်တော်တို့  ပြည်သူတွေမျှော်လင့်ရကျိုးနပ်မှာလား။ တဆိတ်လောက်အားပေ်းဖြေကြားပေးပါ ခင်ဗျား။
မှတ်ချက်တင်သွင်းသူ: ကျော်မင်းထွန်း (မလေးရှား)
12-19-2009 - 03:00:32

5. ရပ်တည်မှူ

ကျွန်တော်က၀န်ထမ်းတစ်ဦးပါ။ဦးကျော်ဇံသာရဲ့ဆွေးနွေးချက်ထဲမှာ ဆိုပိုကြိုက်ပါတယ်။ နှိုင်းယှဉ်မှူတစ်ခုပါ။အဲဒါကတော့ ၀န်ထမ်းများ လဒ်ပေး-လဒ်ယူခြင်းနှင့်စားဝတ်နေရေး- အဲဒိကြားထဲ က ရပ်တည် မှူအကြောင်းပါ။ရေဒီယိုပိုကြိုက်တော့ရေဒီယိုကနေပဲနားထောင် နေ ပါ့မယ်။ ကျေးဇူး----
မှတ်ချက်တင်သွင်းသူ: ပြည်သူ့ကျွန် (Myanmar)
11-27-2009 - 16:49:33

6.

VOAအစီအစဉ်က ကောင်းပါတယ်.. VOA ကိုနားထောင်ပြီး.. မျှော်လင့်ချက်တွေစောင့်စားနေရတာပါ..စင်္ကာပူက အလုပ်အတွက်အခက်အခဲ ဖြစ်နေတဲ့ အလုပ်သမားတွေအတွက်အကြံကောင်းတွေလိုအပ်နေပါတယ်..pleasehelp us..
မှတ်ချက်တင်သွင်းသူ: မောင်ငြိမ်းချမ်း (singapore)
11-24-2009 - 15:09:51

7. Thanks VOA

thank u for your tv program.very nice.i never give democracy.
မှတ်ချက်တင်သွင်းသူ: Than Shwe(mad dog) (Burma)
11-23-2009 - 02:45:04

8. I want to your love

I love you ok
မှတ်ချက်တင်သွင်းသူ: akon (thailand)
11-17-2009 - 18:45:29

9. Pls stop using Rohanja

All Arakanese people belive that there is no Rohanja people at Arakan State in past ,present and future.VOA is keep using this word so many time and ignoring Arakanese people"s voice.This is time to respect Arakanese people.
မှတ်ချက်တင်သွင်းသူ: saw_yakhawaddy (USA)
11-16-2009 - 04:50:21

10. ၇ိုဟင်ဂျာဟူသောအသုံးအနှုန်းကိုမသုံး၇န်

၇ခိုင်လူထုတ၇ပ်လုံးက၇ိုဟင်ဂျာလူမျိုး၇ခိုင်ပြည်မှာမ၇ှိဘူးလို.နားလည် ထားတာကို ဗွီအိုအေ က၇ိုဟင်ဂျာလူမျိုးလို.အဖန်တ၇ာထုတ်လွှင်.နေ တာဟာ၇ခိုင်တမျိုးသားလုံးကိုစော်ကား၇ာေ၇ာက်နေတာဖြစ်တာမို.အ သုံးအနှုန်းပြင်ပေးစေချင်ပါတယ်။
မှတ်ချက်တင်သွင်းသူ: saw_yakhawaddy (USA)
11-16-2009 - 04:39:26

11. ဗွီအိုအေးက လွင့်တဲ့ အင်္ဂလိပ်စာ အစီအစဉ်ကို mp3 ဖိုင်နဲ့ ဒေါင်းလုပ်လုပ်ချင်တယ် ပြီးတော့ နေတိုင်းလွင့်တဲ့ အစီအစဉ်တွေကိုလည်း အသံဖိုင်ရအောင် ဒေါင်းလုပ်လုပ်ချင်ပါတယ် ဘယ်လိုလုပ်ရမှာလည်းသိချင်တယ်

ဗွီအိုအေ ရှိနေလို့ သတင်းထူးတွေကြားနေရပါတယ်။
မှတ်ချက်တင်သွင်းသူ: phyuphyu (Myanmar)
11-15-2009 - 14:59:45

12. ကျွန်တော်ကိုအမြန်ဆုံးဆက်သွယ်ပါ

ကျွန်တော်KNU ထဲဝင်ချင်ပါတယ်ကျေးဇူးပြုပြီ အဆက်အသွယ်လုပ်ပေးပါ..........ကျွန်တော်ဂျီမေးအကောင့်ေ၇းခဲ့ ပါတယ်ဆက်သွယ်ရမယ်ဖုန်နံပါတ်ရေးပေးပါ
မှတ်ချက်တင်သွင်းသူ: ကျော်ဇင်လတ် (လက်ရှိဘာအံ မြို့နယ်မှာပါ)
11-12-2009 - 07:27:50

13. For news.

Thanks so much VOA.
မှတ်ချက်တင်သွင်းသူ: Sithuaung (Thailand,Bangkok)
11-10-2009 - 14:27:44

14. ကျွန်တော်မေးလ်ထဲကိုသတင်းအသစ်တွေလိုချင်ပါတယ်

ဒီမီုကရေစီမြန်ရပါစေ
မှတ်ချက်တင်သွင်းသူ: စိုင်းကျော်သိုက် (malaysia)
11-08-2009 - 06:14:42

15. စလောင်းမှ voa ဖမ်းယူမရပါ။

စလောင်းမှ voa ရုပ်သံလိုင်း နှင့် အသံလိုင်း ဖမ်းယူနိုင်ရန် ဂြိုလ်တု၊ freprency,Symbol rate,Polarisation စသည်တို့ကို ပေးပိုစေလိုပါသည်။
မှတ်ချက်တင်သွင်းသူ: Nyi Nyi (Burma)
11-01-2009 - 17:54:32

16. Letter from Myanmar

Hi' Thanks for the real news myanmar.
မှတ်ချက်တင်သွင်းသူ: Maung Maung (Malaysia)
10-25-2009 - 14:15:42

17. voa tv news .

dear ko thar nyunt oo .tv news is very good .but .i can not see .because internet problen . .thank u .GOOD LUCK VOA FAMILYS.BYE .
မှတ်ချက်တင်သွင်းသူ: ko naing linn (myanmar)
10-25-2009 - 09:31:26

18. မိတ်ဆက်

သုတစုံလင်အမေရိကန်တခွင်အစီအစဉ်ကိုနှစ်သက်ပါသည်
မှတ်ချက်တင်သွင်းသူ: ကိုငယ် (myanmar)
10-23-2009 - 13:41:02

19. လူကိုလူလိုမြင်ပါ

ဗမာတွယ် ကိုယ်လိုနနေီနေရှယ့်စနစ်ဆိုးကိုဖျောက်စေချင်ပါတယ် နေရာတကာမှာကိုယ်လိုနီနေရှယ့်စနစ်မကောင်းပါဘူး အချိန်တိုင်းမှာလေးကိုယ်လိုနီနေရှယ့်စနစ်မကောင်းပါဘူး ယာသက်ပိုငကိုယ်လိုနီနေရှယ့်စနစ်မကောင်းပါဘူးဗျာ ကိုယ်လိုနီနေရှယ့်စနစ်ဆိုတာဝပ်လယ်မှာကိုကြောက်ရတယ်ဗျာ ကိုယ်လိုနီ နေရှယ်စနစ်ကိုဖျောက်ပါ ဒါဆိုရင် ဒီမိုကရေစီ ရဖို့လွယ်ပါတယ် ကိုယ်လိုနီနေရှယ်စနစ်ကိုမဖျောက်ရင် လူသေးတာဘဲအဖတ်တင်ပါမေ လုံးဝဒီမိုကရေစီမနိုင်ဘူး လူကိုလူလိုမြင်မှအေးဒီနိုင်ငံ ဒီမိုကရေစီ ရမှာသေချာပါတယ် ကျေးဇူးတင်ပါတယ် သာစိန်ထွန်း
မှတ်ချက်တင်သွင်းသူ: သာစိန်ထွန်း (NewZealand)
10-12-2009 - 09:38:43

20. DEMOCRACY

I WANT TO KNOW WHAT IS THE DEMOCRAY?
မှတ်ချက်တင်သွင်းသူ: langsaR (NEW ZEALAND)
10-10-2009 - 09:23:21

21. မျော်လင်.နေမဲ.နေ.

2010ေ၇ွးကောက်ပွဲအစစ်ကို၇ချင်ပါသည်၊
မှတ်ချက်တင်သွင်းသူ: Mr pointed (myanmar mogok)
10-05-2009 - 18:07:03

22. i cannot recive voa program from satellite !

i want to see and listing program from satellite where i can find them
မှတ်ချက်တင်သွင်းသူ: kyawsoelwin (burma)
09-28-2009 - 17:30:54

23. 2010 election

2010ေ၇ွးကောက်ပွဲကကောဦးနုဆီကနေ၀င်းလုသလို 1990အနိုင်၇ပါတီ NLD ဆီကနေစစ်အစိုး၇ကလက်နက်နဲ.လု၇င်ပေးလိုက်၇သလိုဆို?
မှတ်ချက်တင်သွင်းသူ: ko ko (myanmar yangon)
09-26-2009 - 13:29:01

24. real feel

မြန်မာပြည်ကို အေးချမ်းစေချင်ပါသည်။ လွတ်လပ်စေချင်ပါသည် Democary ဆိုတဲု အရသာရစေချင်ပါပြီ
မှတ်ချက်တင်သွင်းသူ:ုko ko (myanmar yangon)
09-25-2009 - 15:46:41

25. စလောင်း လိုင်း ပျောက်နေလို့

စလောင်း က voa လိုင်းကိုဖမ်းလို့မရလို့ပါ ခင်ဗျား အဲဒါချိန်းသွားရင်အကြောင်းကြားပေးပါရန်
မှတ်ချက်တင်သွင်းသူ: phoe toke (burma)
09-24-2009 - 09:02:53

26. TV

TV အစီအစဉ်တွေကို အချိန်တိုးပြီးသော် လည်းကောင်း၊ အချိန်ပြောင်းပြီးသော်လည်းကောင်း၊ ထုတ်လွင့်ဖေးပို့ တောင်းဆိုလိုပါတယ်။ မနက်ပိုင်းအချိန်တွေက မကြည့်ဖြစ်တာများလို့ပါ။
မှတ်ချက်တင်သွင်းသူ: မဖြေလိုပါ (ရန်ကုန်)
09-24-2009 - 03:51:48

27. စာနာနားလည်မှု့ပေးပါ

မြန်မာနိုင်ငံရှိ HIV ပိုးကူးစက်ခံထားရသော HIVများ အတွက် တေးသီချင်းများ ထုတ်လွှင့်ပေးပါရန်။ မျိုးကြီးရဲ့ မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ ၀ိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက် တို့ကို လွှင့်ပေးပါရန် တောင်းဆိုအပ်ပါသည်။
မှတ်ချက်တင်သွင်းသူ: yee myat oo (Myanmar)
09-24-2009 - 02:44:23

28. အကြံပြုချက်

သတင်းအမှန်တွေကိုသာလျှင်ကြားချင်..မြင်ချင်ပါတယ်...ဘယ်မီဒီယာကိုမဆိုပေါ့ ....
မှတ်ချက်တင်သွင်းသူ: မြန်မာနိုင်ငံသား 
09-20-2009 - 06:56:50

29. please send the news of

thanks ,for the member of VOA Burmese program service,
မှတ်ချက်တင်သွင်းသူ: salai Solomon (Myanmar/Yangon)
09-16-2009 - 07:25:56

30. I want to get more about Burmese news.

What do you think about 2010 election in Burma? I just support all of democratic medias for my country. I am a new generation of Burma. I want to know more about Burma and China borderline news.
မှတ်ချက်တင်သွင်းသူ: freeboy (Thailand)
09-10-2009 - 00:07:20

31. ယခုအခြေအနေ

ဟိုတလောက ပန်ဆန်း နေပြည်သူတွေကြား ကောလဟာလသတင်းတွေကြောင့် တရုတ်ပြည်သို့ ပြန်သွားသောလူတွေ... ယခုတော့ပြန်လာကြပါပြီ ... ပြီးတော့ ပိတ်ထားတဲ့ဆိုင်တွေလည်း ပြန်ဖွင့်လို့လာပါပြီ ... အခြေအနေကတော့ ယခုအချိန်မှာ ညိမ်သက်သွားပါပြီ ... နောက်တစ်ခုက ... ရွာတွေမှာ နေထိုင်ကြသော ပြည်သူတွေပါပဲ .. သူတွေကပိုတောင် သနားစရာကောင်းပါတယ် ... ဘာလို့လဲဆိုတော့ မိမိရဲ့ အသက်မွေးဝမ်းကြောင်းအလုပ် ဖြစ်တဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြစ်ပြီးထွက်ပြေးကုန်ကြတာပဲ. .. သူတို့တွေက ပိုပြီးကြောက်ကြတာကို တွေ့ရပါတယ်...
မှတ်ချက်တင်သွင်းသူ: သူရကျော်စွာ (ပန်ဆန်းမြို့)
09-08-2009 - 10:47:39

32. ပန်ဆန်းမြို့အခြေအနေ

ယနေ့ပန်ဆန်းမြို့တွင် နေထိုင်ကြသောလူများသည် .. မိမိရဲ့ဆိုင်တွေကိုပိတ် .. ပစ်စည်းတွေသိမ်းပြီး မိမိနေရပ်သို့ ပြန်နေပြီဖြစ်ကြောင်းသိရပါသည် ... လူတော်တော်များများကို မေးကြည့်တော့ .. သူတို့တွေက .. မြန်မာစစ်သားတွေ ထိုးစစ်ဆင်လာမှာကို စိုးရိမ်ထိန့်လန့်နေကြသည် ... ၄င်းစစ်ပွဲဖြစ်လာနိုင်ဖွယ် ရှိမရှိ.. voa ဝိုင်းတော်သားတွေဖက်က ဘယ်လိုများ ယူဆကြသလဲဆိုတာ ဖော်ပြပေးစေချင်ပါတယ် ... တာကော်(သံလွင်တံတား) စစ်ဆေးရေးဂိတ်ကိုလဲ မနက်ဖြန်မှာပိတ်မယ်လို့ သတင်းရရှိပါတယ် .. voa ကို ကျေးဇူးတင်ရှိပါတယ်...
မှတ်ချက်တင်သွင်းသူ: သူရကျော်စွာ (ပန်ဆန်းမြို့)
09-03-2009 - 14:16:52

33. ပန်ဆန်းမြို့အခြေအနေ

ယနေ့ ပန်ဆန်းမြို့တွင် နေထိုင်ကြသော... မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ အလုပ်လုပ်ကိုင်နေသောသူ အတော်များများ ... မိမိနေရပ်သို့ပြန်နေကြပြီ ... နောက်တရုတ်နိုင်ငံသားတွေနဲ့ ... တစ်ချို့ ဝအဖွဲ့စည်းမိသားစုများကလည်း .. တရုတ်ပြည်ထဲကူးနေကြပြီ ... တစ်ချို့ကလည်ဆိုင်တွေကို... ပိတ်ဖို့.. အခြေအနေတွေစောင့်ကြည့်နေတယ် ... လူတော်တော်များများကလည်း အရမ်းကို ကြောက်လန့်နေကြတယ် ... voa ကိုကျေးဇူးတင်ပါတယ်....
မှတ်ချက်တင်သွင်းသူ: သူရကျော်စွာ (ပန်ဆန်းမြို့)
09-02-2009 - 15:37:05

34. download TV Magazine

VOA ကို အဆက်မပြတ် နားထောင်လာတာ နှစ်ပေါင်း(၃၀) ရှိပါပြီ၊ ယခုနည်းပညာခေတ်မှာ VOA သတင်းများကို MP3 ဖိုင်နဲ့ download ဆွဲပြီး နားထောင်ရတာ အရမ်းကိုကြိုက်နှစ်သက်ပါတယ်၊ TV Magazine အစီအစဉ်ကိုလည်း download ဆွဲပြီး နားထောင်နိုင်အောင် အကောင်းဆုံး စီစဉ် ဆောင်ရွက်ပေးပါရန် အကြံပြု လိုက်ပါတယ်ခင်ဗျား။
မှတ်ချက်တင်သွင်းသူ: Ko J (myanmar)
08-17-2009 - 11:55:55

35. VOA ခင်ဗျား

ကျွန်တော်ရို.စစ်တွေမှာအင်တာနက်စာမျက်နာပေါ်က TV သတင်းတွေ ကြည်လို.မရပါ ဒါကြောင့်တင်သွင်းပေးတာပါ။ ကျွန်တော်မတတ်လို.လားတော့မပြောတတ်ပါဘူးနော် ကျေးဇူတင်ပါတယ်ခင်ဗျား။
မှတ်ချက်တင်သွင်းသူ: မင်းသက်ခိုင် (ရခိုင်ပြည်နယ်)
08-16-2009 - 13:41:48

36. ကျေးဇူးတင်ကြောင်း

voa သတင်းဌာနမှ ထုတ်လွှင့်သော သတင်းများကို ဒီနေ့မှ စဖတ်ဖူးပေမဲ့ သတင်းများကိုဖတ်ရင်းနဲ့ပဲ ကျွန်တော်မသိတာတွေကို သိရှိခွင့်ရခဲ့တဲ့အတွက် voaသတင်းဌာနကို အထူးပဲကျေးဇူးတင်ရှိပါကြောင်း ဒီစာနဲ့လေးနဲ့ပြေားကြားလိုက်တာပါခင်ဗျာ
မှတ်ချက်တင်သွင်းသူ: သိန်းမင်း (မလေးရှား)
08-16-2009 - 12:56:04

37.

တီဗွီမဂဇင်းကို ဒေါင်းလုပ်လုပ်မရဘူးဖြစ်နေတယ်။ လုပ်လို့ရအောင် လုပ်ပေးစေချင်ပါတယ်။ လုပ်လို့ရတယ်ဆိုရင်လည် ဘယ်လိုလုပ်ရတယ်ဆိုတာ ဖော်ပြပေးစေချင်ပါတယ်။
မှတ်ချက်တင်သွင်းသူ: aung zin han (myanmar)
08-03-2009 - 13:43:28

38. အကြံပြုချက်

VOA ကို 8 တန်း ကတည်းက မပျက်မကွက် နာထောင်နေတယ် ဂျပန်ေ၇ာက်ကတည်းက ပိုပြီးနာထောင်ဖြစ်တယ် ပုံမှန်လွင့်နေတယ် အတွက် ကျေးဇူးတင်ပါတယ် T V PROGRAM သိပ်မကြည့်လင်ဘူးဖြစ်နေတယ် ကြည့်လင်အောင်လွင့်ပေးပါလားလို့ မေတ္တာ ရပ်ခံအပ်ပါသည်။
မှတ်ချက်တင်သွင်းသူ: zaw myat thu (japan)
08-02-2009 - 06:42:09

39. အကြံပြုချက်

အချိန်အများကြီး လွှင့်ပေးလို့ ကျေးဇူးတင်ပါတယ် voa ကျွန်မတို့လို ကုမ္မဏီဝန်ထမ်းတွေအတွက် အဆင်ပြေတယ် လေ မနက် ရုံးမသွားခင်နဲ့ ညအိပ်ခါနီးပေါ့ . သတင်းတွေ မှန်မှန်ပို့ပေးလို့လဲ ကျေးဇူးတင်ပါတယ် .... သူငယ်ချင်းတစ်ယောက်က လဲ သတင်းလွှာ လိုချင်လို့တဲ့ mail ပို့တာ သတင်းပြန်မပေးလို့ စိတ်ညစ်နေတယ် .....@gmail.com တဲ့ ကူညီပေးလိုက်ပါအုန်း နော် ......... ကျေးဇူးတင်ပါတယ် ......
မှတ်ချက်တင်သွင်းသူ: raywady (myanmar)
08-02-2009 - 02:22:41

40. commet

Yes i always listen VOA news but i can't watch your TV program because as you know we all burmese people were don't have time to watch it at morning time.We need to find money for survival. So please changed to evening time or extend the time of your TV news. Thank you , VOA
မှတ်ချက်တင်သွင်းသူ: ThuREinMin 
08-01-2009 - 14:02:01

41. t v

တီဗွီအစီစဉ်မှာ ဟာသဇာတ်လမ်းလေးတွေ ထည့်ပေးပါလား
မှတ်ချက်တင်သွင်းသူ: zaw zaw (myanmar)
07-21-2009 - 16:47:51

42. ပညာရေး

ပညာရေးနဲ့ ပတ်သက်တာတွေနဲ့ ပညာသင်ဆုများ အကြောင်းပါ အလျဉ်းသင့်သလို တင်ဆက်ပေးပါဦး အမေရိကန်ကို လာရောက်ကျောင်းတက်လို့ ရမှာတွေပါ တင်ဆက်ပေးပါဦး။ ကျွန်မကအပြင် (၁၀) တန် စာသင်တဲ့သူ တယောက်ပါ။ မြန်မာပြည်မှာ (၁၀) တန်းပြီးတာနဲ့ ကျောင်းပြီးသလိုပါပဲ။ ဒါကြောင့် မြန်မာပြည်သားများအတွက် ကြိုးစားလို့ရမယ့် ပညာရေး အကြောင်းလေးတွေကို တင်ပြပေးပါဦး။ voaကို ကျေးဇူးတင်ပါတယ်။
မှတ်ချက်တင်သွင်းသူ: ဇင်မာဝင်း (မြန်မာ၊ပြည်။)
06-25-2009 - 05:32:34

43. democracy

myanmar country Judge & law are so destory.Muse township is near china border Human right very lose.Because goverment so dirty7.
မှတ်ချက်တင်သွင်းသူ: zan myat aung (myanmar)
06-18-2009 - 15:22:14

44.

ကျွန်တော်ဟာ voa ကိုအစဉ်အားပေးလျက်ပါ။voaမှenglishစကားပြော အသုံးအနှုန်း အစီအစဉ်ကိုနှစ်ခြိုက်ပါတယ် ။ထိုအတူenglishမြန်မာစကား ပြောလေ့ကျင့်သောအသံဖိုင် ရရှိနိုင်သောလိပ်စာကိုသိပါရစေ။
မှတ်ချက်တင်သွင်းသူ: soethein (thailand)
02-06-2010 - 15:45:40

45. I love my country,so call BURMA.

In time of the military regimes when production of commodities come to stand still and the prices of every of every consumer goods go up beyond the reach of ordinary citizens manufactures of essential commodity resort to get-rich-quick-methods by pricing their product high to the detriment of consumers as well as national economy up to the zero degree ,now.What these greedy and malevolent people fail to realize is that wealthy comes at a price because during the times 1962-2008(by seeing of events ,falling of military head soldiers),i come across many wealthy people who attained newly acquire economic status by taking advance of the dearth of essential consumers goods during its years spending a lot of sleepless nights far away from home when when THANSHWE"DOG-SOLDIERS were on the men-hunt from money-holders.....at last is that these peoples had to pay a high price for their unquenchable thirst for wealth.
မှတ်ချက်တင်သွင်းသူ: phosi (Singapore)
01-26-2010 - 15:55:27

46. jelous to myanmar

Some of western countries and American jealous to Myanmar due of modern develop country. Than Shwe
မှတ်ချက်တင်သွင်းသူ: JOHN MICHEL (Myanmar)
01-25-2010 - 08:53:46

47. အကြံပြုခြင်း

သတင်းဋ္ဌာနနဲ့ သတင်းသမားများဟာ သမိုင်းကိုကုံလုံအောင်သိထားဖို့လိုအပ်လိမ့်မယ်ထင်ပါတယ်၊ ရိုဟင်ဂျာသမိုင်းကိုဖတ်ပါ၊ ရခိုင်သမိုင်းဖတ်ပါ၊ အမှားအမှန်တွေ့လာရပါလိမ့်မယ်၊ နိုင်ငံတကာက သတ်မှတ်ထားရုံနဲ့လည်းမပြီးသေးပါဘူး၊ ဗမာနိုင်ငံသားများက ပိုမိုအဓိကကျပါတယ်။ အထူးသဖြင့် ရခိုင်ပြည်သူများရဲ့စကားအသံကို နားထောင်ရပါလိမ့်မယ်၊ ကျွန်တော်ဟာ ရိုဟင်ဂျာလည်းမဟုတ်၊ ရခိုင်လည်းမဟုတ်၊ မြန်မာစစ်ပါကြောင်း...။
မှတ်ချက်တင်သွင်းသူ: ဘသက် (အိန္ဒိယ)
01-23-2010 - 20:12:41

48. tv

သီချင်းလေးဘာလေး မြူးမြူးကြွကြွအစီအစဉ်လေးလုပ်ပေးပါလား အဆင်ပြေရင် သတင်းတွေကချည်းပဲ ရိုးနေလို့ပါ ဟီဟီ
မှတ်ချက်တင်သွင်းသူ: kowine (russia)
01-22-2010 - 19:16:12

49. VOAခင်ဗျား အရမ်းကျေးဇူးတင်တယ်၊သတင်းအမှန်တွေကြောင့်

ကျွန်တော်က အစိုးရအမှုထမ်းတစ်ယောက်ပါ၊ သူတို့ တစ်တွေ ဟာပြည်ပ နိုင်ငံများမှာ အခြေစိုက်တဲ့ သတင်းဌာနများကို သိပ်ပြီနားထောင်ကြပါတယ်၊ဥပမာပြောရရင်း တိုင်စာ ရေးရင် မထိရောက်ပါဘူး၊voa၊bbc၊ rfa ဆီကပါလာရင်တော့ လက်မခံပါဘူး၊ အရေးယူပါတယ်ဗျား၊ တစ်ချို့ ၀န်ထမ်းတွေဆိုရင် တိုင်ပုံ တိုင်နည်းကို ပါသင်ကြားပေးနေတယ်လေဗျား၊ကောင်းပါတယ်။ ပြီးတော့ ပြည်တွင်းသတင်းတွေ cyware ကများတော့၊သိပ်အလုပ်မဖြစ်ဘူးဗျား၊လိုရင်းတိုရှင်း နှင့် မှန်တဲ့ သတင်းဌာ နကိုဘဲ နားထောင်ရမယ်လေ၊အားလုံး သိနေတာဘဲဗျား အနှစ်(၂၀)ရှိပြီဗျား၊ဘာမှ မဖြစ်လာဘူး၊တခြားနိုင်ငံတွေမှာရော လမ်း၊ဖောက်၊တံတားဆောက်တာကို ရေးကြီးခွင်းကျယ် လုပ်ပြသလား အစိုးရလူကြီးများနှင့် မိသားစုများ ချမ်းသာမှု မြင့်မားလာတာကို အကြီးအကဲ ကြီး မသိခြင်းယောင်ဆောင်နေတာ လား မေးပေးပါလားဗျား ကျေးဇူးတင်စွာဖြင့်
မှတ်ချက်တင်သွင်းသူ: ရွှေကိုမုန်းသူ (burma)
01-21-2010 - 04:00:51

50. လူမျိုးရေးအကြောင်းအရာ

လေးအပ်ပါသွား VOA သတင်းအစီအစဉ်မှ လူကြီးမင်းများနှင့် VOAသတင်းကို လာရောက်ဖတ်ရှုးသူများ ခင်ဗျာ အကြံပြုဝေဖန်စာများကို အထူးသဖြင့် လူမျိုးရေးခွဲခြားမှူးဖြင့် ရေးဆိုခြင်း ရေးသားခြင်းကို မရေးကြပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။ ကိုယ်ပြောဆိုနေသည် စကားလုံးများတွင် လူမျိုးရေးတိုက်ခိုက်မှူကို ၏နေရာတွင် မပြောသင့်ကြောင်း နိုင်ငံတကာရောက် မြန်မာ့နိုင်ငံသူ နိုင်ငံသားများကို အနုအညံ့ တောင်းပန်အပ်ပါသည်။ လေးစားစွာဖြင့် မှတ်ချက်တင်သွင်းသူ NewZealand
မှတ်ချက်တင်သွင်းသူ: သာစိန်ထွန်း (NewZealand)
01-17-2010 - 00:31:06

51. အကြံပြုခြင်း။

ကျွန်တော်ဟာ ဗွီအိုအေပရိသာတ်တစ်ဦးဖြစ်ပါတယ်၊ အခုတလောနိုင်ငံခြားသတင်းတွေဘဲလွင့်တာများနေပါတယ်။ ကျွန်တော်တို့နဲ့အလှမ်းဝေးနေပါတယ်။ ပြည်တွင်းသတင်း နယ်သတင်း နယ်စပ်သတင်းတွေကိုသိချင်ပါတယ်။ ဒါကြောင့်ပြည်တွင်းတွေများများလွင့်ပေးပါလို့တောင်းဆိုပါတယ်။ ဗွီအိုအေကိုကျေးဇူးတင်ပါတယ်။
မှတ်ချက်တင်သွင်းသူ: မင်းသိုက်ပိုင်။ (Thailand)
01-10-2010 - 14:41:24

52. i like all voa programs

I like all VOA programs and please try to get fresh news for political information for all Myanmar people who love Democracy.
မှတ်ချက်တင်သွင်းသူ: Mr.Kyaw Thu (Myanmar ( working in kuwait))
01-05-2010 - 22:09:42

53. tV

voa TV အစီစဉ်က သတင်းတွေချည်းဘဲဖြစ်နေတယ် ဖြော်ဖြေရေးအစီစဉ်ထည့်ပေးလို့ မရဘူးလား သတင်းတွေချည်းဘဲဆိုတော့ပျင်းစရာကောင်းတယ်ဗျ
မှတ်ချက်တင်သွင်းသူ: tharthar (thai)
01-02-2010 - 18:41:52

 
အကြံပြုဝေဖန်မှတ်ချက်များ ပေးပို့ပါ။

တင်သွင်းရေးသားတဲ့ အကြံပြု ဝေဖန်မှတ်ချက်များကို သက်ဆိုင်ရာ သတင်းဆောင်းပါးများတွင် ဖော်ပြပေးသွားပါမည်။ အီးမေးလ်လိပ်စာကို ဖော်ပြမည်မဟုတ်။












 
By using this form you agree to the following: All comments will be reviewed before posting. Be aware - not all submissions will be posted. VOA has the right to use your comments worldwide in any VOA produced media. Terms & Conditions.
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
Comment on This Article မှတ်ချက်ရေးရန်
  Top Story

  More From VOA