VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

14 သြဂုတ် 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
WiseOldMan Believe Banner 02
သက်ကြီးစကားအစီအစဉ်
U Win PeU Swan Yee
သက်ကြီးစကားအစီအစဉ်မှ မြန်မာယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံတမ်းများနှင့် ဗဟုသုတမှတ်သိမှတ်ဖွယ်ရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၉း၀၀-၁၀း၀၀ နာရီတွင် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာဦးဝင်းဖေ နဲ့  ဝေဖန်ရေးဆရာ ကဗျာဆရာ ဦးစွမ်းရည် တို့ က တင်ဆက်ပေးသွားပါမည်။
သူယုံကြည်ရာအစီအစဉ်
လူမှု့ရေး၊ စီးပွားရေး၊ ဘာသာရေး နယ်ပယ်အသီးသီးက လူအမျိုးမျိုးတို့ရဲ့  ယုံကြည်ရာတွေကို “သူယုံကြည်ရာ” အစီအစဉ်မှာ တင်ပြပေးနေပါတယ်။ သောတရှင်တို့လဲ မိမိတို့ ယု့ကြည်ရာတွေကို ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးလိုပါက burmese@voanews.com ကို အီးမေလ်ပို့၍ (Subject နေရာမှာ Attn: TIB) လို့ ရေးဖြည့်ကာ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်နဲ့ ပြောလိုတာကို ပေးပို့ပေးပါ။ ပြန်လည်ဆက်သွယ်ပါမယ်။

ပြည်သူတွေ မယုံကြည်တဲ့ သတင်း
ဇူလိုင် ၁၉၊ ၂၀၀၉ - မမှန်ကန်တဲ့ သတင်းချင်း အတူတူ စစ်အစိုးရက ထုတ်ပြန်တင်ပြတဲ့ သတင်းတွေဆိုရင် ဘာကြောင့် ပြည်သူပြည်သားတွေက မယုံကြည် ဖြစ်နေကြတာလဲဆိုတာကို ဆရာဦးဝင်းဖေ, က သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။

သွေးစွန်းခဲ့တဲ့ ဇူလိုင်လ
ဇူလိုင် ၁၁၊ ၂၀၀၉ - သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ 'မြန်မာသမိုင်းမှာ ဇူလိုင်လအတွင်း သွေးစွန်းခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း' ကို ဆရာ မောင်စွမ်းရည်က ပြောပြမှာဖြစ်ပါတယ်။

ပြည်သူလူထု ယုံကြည်မှု အရေးကြီး
ဇူလိုင် ၀၄၊ ၂၀၀၉ - အုပ်ချုပ်သူ အစိုးရအပေါ်မှာ ပြည်သူ လူထုက အယုံအကြည် မရှိတော့ရင် အစိုးရအခက်တွေ့ နိုင်ပုံကို ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။

ဒေါ်စုမွေးနေ့ ဆုတောင်းပွဲများ
ဇွန် ၂၈၊ ၂၀၀၉ - သက်ကြီးစကားသက်ငယ်ကြားအစီအစဉ်မှာ - ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် အမေရိကန် ပြည်ထောင်စုမှာ လုပ်ခဲ့တဲ့ ဆုတောင်းဝတ်ပြုပွဲတွေ အကြောင်းကို ဆရာ မောင်စွမ်းရည်က ပြောပြမှာဖြစ်ပါတယ်။

စစ်အစိုးရ တာဝန်ယူမှု၊ မယူမှု
ဇွန် ၂၀၊ ၂၀၀၉ - သမိုင်းတလျှောက် မြန်မာစစ်အစိုးရရဲ့  တာဝန်ယူမှုအပိုင်း၊ တာဝန်မယူမှုအပိုင်းတွေကို ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။

ဒေါ်စုအတွက် မင်းသုဝဏ်ကဗျာ
ဇွန် ၁၄၊ ၂၀၀၉ - သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆရာကြီး မင်းသုဝဏ်ရေးစပ်ခဲ့တဲ့ ကဗျာတပုဒ်ကို ဆရာမောင်စွမ်းရည် က ပြောပြမှာဖြစ်ပါတယ်။

ခေတ်ပေါ်ဘန်းစကားများ ပြောဆိုမှုအပေါ်
ဇွန် ၀၇၊ ၂၀၀၉ - အဓိပ္ပါယ် အမျိုးမျိုးဖြစ်နိုင်တဲ့ ခေတ်ပေါ် ဘန်းစကားတွေကို ပြောဆိုရင်သတိထားသင့်တယ်ဆိုတာကို ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြပါမယ်။

စာရိတ္တအကြောင်း သိကောင်းစရာ
မေ ၃၁၊ ၂၀၀၉ - ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ စစ်အစိုးရလက်အောက် နိမ့်ကျလာတဲ့ မြန်မာလူမျိုးတို့ရဲ့  စာရိတ္တအခြေအနေကို ဆရာဦးစွမ်းရည်က ပြောပြမှာဖြစ်ပါတယ်။

လူရယ်စရာ စစ်အစိုးရလုပ်ရပ်
မေ ၂၄၊ ၂၀၀၉ - စစ်အာဏာရှင်တွေ လက်ခုပ်ထဲရောက်နေ သူကို ထပ်ပြီးတရားစွဲဆိုတာဟာ လူရယ်စရာဖြစ် နေတယ်လို့  ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။

မန္တလေးဂုဏ်ဆောင် မြို့ သူမြို့ သားများ
မေ ၁၇။ ၂၀၀၉ - ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မန္တလေးမြို့ နှစ် (၁၅၀) ပြည့် အမှတ်တရ နဲ့  မန္တလေးဂုဏ်ဆောင် မန္တလေးမြို့ သူမြို့ သားတွေ ပေါ်လာကြစေဖို့ ပြောထားတဲ့ ဆရာဦးစွမ်းရည်ရဲ့  သက်ကြီးစကားတွေကို ကြားရမှာဖြစ်ပါတယ်။

မန္တလေးနှစ် ၁၅၀ အထိမ်းအမှတ်ပွဲ
မေ ၁၀၊ ၂၀၀၉ - မန္တလေးမြို့ တည်တာ နှစ် ၁၅၀ ပြည့်တဲ့ အထိမ်းအမှတ်ပွဲတွေကို ဘယ်လိုစီစဉ်လုပ်သင့်တယ်ဆိုတာကို ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ အကြံပြုထားပါတယ်။

နှစ် ၁၅၀ ပြည့် ရတနာပုံ မန္တလေး
မေ ၃၊ ၂၀၀၉ - ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ မန္တလေးမြို့ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့အကြောင်း ဗသုသုတ ရစရာ စာပေတွေကို ပြန်လည်ဖော်ထုတ်သင့်တဲ့အကြောင်း ဆရာဦးစွမ်းရည်က ပြောပြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ နဲ့ လျှပ်စစ်မီး
ဧပြီ ၂၆၊ ၂၀၀၉ - မြန်မာနိုင်ငံမှာ လျှပ်စစ်မီး အလုံအလောက် မရတာနဲ့ ပါတ်သက်ပြီး ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာဖြစ်ပါတယ်

မစိုးရိမ်ဆရာတော်ဘုရာကြီး
ဧပြီ ၁၉၊ ၂၀၀၉ - လွန်ခဲ့တဲ့ တနှစ်က ပျံလွန်တော်မူသွားခဲ့တဲ့ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ် ပဓာနစာရ မစိုးရိမ်ဆရာတော် ဘုရားကြီး ဦးကောဝိဒါဘိဝံသ အကြောင်းသိကောင်းစရာကို ဆရာဦးစွမ်းရည်က ပြောပြမှာ ဖြစ်ပါတယ်။

မြန်မာအစားအစာ နဲ့ လုံခြုံစိတ်ချမှု
ဧပြီ ၁၂၊ ၂၀၀၉ - အစားအသောက်တွေရဲ့ လုံခြံစိတ်ချရမှုနဲ့ ပါတ်သက်ပြီး ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာဖြစ်ပါတယ်။

ဆေးလိပ်ဆိုးကျိုး
ဧပြီ ၀၅၊ ၂၀၀၉ - ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ဆေးလိပ်ဆိုးကျိုးအကြောင်းကို ဆရာဦးစွမ်းရည်က ပြောပြမှာဖြစ်ပါတယ်။

ထင်ပေါ်ကျော်ကြားမှုရဲ့  ကောင်းကျိုးဆိုးပြစ်
မတ် ၂၉၊ ၂၀၀၉ - ထင်ပေါ်ကျော်ကြားမှုရဲ့  ကောင်းကျိုးဆိုးပြစ်တွေအကြောင်း ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာ ဖြစ်ပါတယ်။

တံတားနီ မော်ကွန်းကဗျာ
မတ် ၂၂၊ ၂၀၀၉ - ၁၉၈၈ ခုနှစ်က ရန်ကုန်တံတားဖြူမှာဖြစ်ခဲ့တဲ့ အရေးအခင်းအတွက် ရေးစပ်ထားခဲ့တဲ့ တံတားနီ မော်ကွန်းကဗျာကို ဆရာဦးစွမ်းရည် က သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာဖြစ်ပါတယ်။

ဥပ္ပါတသန္တိ စေတီတော်ကြီး အကြောင်း
မတ် ၁၅၊ ၂၀၀၉ - နေပြည်တော်က ဥပ္ပါတသန္တိ စေတီတော်သစ်ကြီးနဲ့ ပါတ်သက်ပြီး ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာ ဖြစ်ပါတယ်။

ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များအကြောင်း
မတ် ၀၈၊ ၂၀၀၉ - ငြိမ်းချမ်းရေးဆောင်ရွက်ကြတဲ့  မြန်မာနိုင်ငံကထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ဆရာဦးစွမ်းရည်က သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာဖြစ်ပါတယ်။

မန္တလေးမြို့သမိုင်းဖြစ်စဉ်
မတ် ၀၁၊၂၀၀၉ - နှစ်ပေါင်း ၁၅၀ သက်တမ်းရှိပြီဖြစ်တဲ့ မန္တလေးမြို့သမိုင်းဖြစ်စဉ်ကို ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာ ဖြစ်ပါတယ်။

အမှတ်ရစရာ ဖေဖေါ်ဝါရီလရဲ့  နေ့ရက်များ
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၀၉ - ဖေဖေါ်ဝါရီလအတွင်း အမှတ်ရစရာ နေ့တွေရှိတဲ့အကြောင်း ဆရာဦးစွမ်းရည် က သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ပြောပြမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုနေ့ နဲ့ တိုင်းရင်းသားများ ခံစားချက်
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၀၉ - မြန်မာနိုင်ငံမှာ ပြည်ထောင်စုစိတ်ဓါတ်ပျက်အောင် ၁၉၆၂ ခုနှစ်ထဲက စစ်တပ်က လုပ်လာခဲ့တဲ့အကြောင်း ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာ ဖြစ်ပါတယ်။

အတ္ထုပ္ပတ္တိ စာပေအကြောင်း
ဖေဖေါ်ဝါရီ ၀၈၊ ၂၀၀၉ -မြန်မာ့စာပေလောကထဲက အတ္ထုပ္ပတ္တိစာပေတွေ အကြောင်းကို ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ဆရာဦးစွမ်းရည်က ပြောပြပါမယ်။

တင်မိုး အမှတ်တရ
ဖေဖေါ်ဝါရီ ၀၁၊ ၂၀၀၉ - ကွယ်လွန်သွားတာ နှစ် နှစ်ပြည့်သွားပြီဖြစ်တဲ့ ကဗျာဆရာတင်မိုး အမှတ်တရ အောက်မေ့စရာတွေကို ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာဖြစ်ပါတယ်။

ကဗျာဆရာကြီးတင်မိုး အောက်မေ့ဖွယ်
ဇန်နဝါရီ ၂၅၊ ၂၀၀၈ - ၂၀၀၇ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာကြီးတင်မိုး အကြောင်းကို ဆရာမောင်စွမ်းရည်က သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြထားပါတယ်။

ပန်းချီဆရာတွေ အများကြီးလိုအပ်
ဇန်နဝါရီ ၁၈၊ ၂၀၀၈ - မြန်မာနိုင်ငံမှာ ပန်းချီအနုပညာရှင်တွေ အများကြီး လိုအပ်နေသေးကြောင်း ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ သုံးသပ်ပြောပြမှာ ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ် စိန်ရတု
ဇန်နဝါရီ ၁၀၊ ၂၀၀၈ - မြို့ သက်တမ်း နှစ် ၁၅၀ ရှိလာတဲ့ မန္တလေးမြို့ က မန္တလေးတက္ကသိုလ်စိန်ရတု အမှတ်တရကို ဆရာဦးစွမ်းရည်က ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြပါမယ်။

၆၁ နှစ်ကြာ လွတ်လပ်ခဲ့တဲ့ မြန်မာပြည်?
ဇန်နဝါရီ ၀၄၊ ၂၀၀၉ - လွန်ခဲ့တဲ့ (၆၁) နှစ်မှာ လွတ်လပ်ရေးရပြီးထဲက ယနေ့ အထိ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ သုံးသပ်ပြောပြမှာ ဖြစ်ပါတယ်။

မဟာသီရိသုဓမ္မဒေါ်ခင်ကြည်
ဒီဇင်ဘာ ၂၈၊ ၂၀၀၈ - မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည် အကြောင်းကို ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ဆရာဦးစွမ်းရည်က ပြောပြပါမယ်။

မြန်မာပြည် နဲ့ ဘာရက်အိုဘားမာ
ဒီဇင်ဘာ ၂၁၊ ၂၀၀၈ - အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ်ရွေးချယ်တင်မြောက်ခြင်းခံရတဲ့ ဘာရက် အိုဘားမား မြန်မာပြည်အကြောင်း ဘယ်လောက်သိရှိလေ့လာထားသလဲ ဆိုတာကို ဆရာဦးဝင်းဖေ က သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြထားပါတယ်။

ဦးသန့်အရေးအခင်းအကြောင်း
ဒီဇင်္ဘာ ၁၄၊ ၂၀၀၈ - လွန်ခဲ့တဲ့ သုံးဆယ့်လေးနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာဖြစ်ပွားခဲ့ တဲ့  ဦးသန့်အရေးအခင်း အကြောင်းကို ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ဆရာဦးစွမ်းရည်က ပြောပြပါမယ်။

စစ်အစိုးရရဲ့  အလုပ်အကိုင်အခွင့်အရေး
ဒီဇင်္ဘာ ၇၊ ၂၀၀၈ - မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့် အလမ်းသစ်တွေ ဖွင့်ထားပေးပါတယ်လို့ စစ်အစိုးရပြောဆိုချက်အပေါ် ဆရာ ဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ သုံးသပ်ပြောပြမှာ ဖြစ်ပါတယ်။

အမျိုးသားလှုပ်ရှားမှုအကြောင်း
နိုဝင်္ဘာ ၃၀၊ ၂၀၀၈ - “အမျိုးသားလှုပ်ရှားမှုတွေအကြောင်းကို ဆရာမောင်စွမ်းရည်က ဒီတပါတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာဖြစ်ပါတယ်။

ထင်ရာစိုင်း စစ်အာဏာရှင်တို့ အနာဂတ်
နိုဝင်္ဘာ ၂၃၊ ၂၀၀၈ - ကမ္ဘာ့စီးပွားရေး အကြပ်အတည်ကြောင့် ငွေကြေးအခြေအနေ အရပ်ရပ်အတွက် နိုင်ငံတကာပြည်သူတွေ ပူပန်သောကရောကနေပြီး ကမ္ဘာ့ခေါင်းဆောင်တွေ အဖြေရှာ အလုပ်ရှုပ်နေချိန်မှာ မြန်မာပြည်မှာတော့ အာဏာရှင် စစ်ဗိုလ်ချုပ်တစု နိုင်ငံရေး၊ လူမှုရေးတက်ကြွလှုပ်ရှားသူတွေကို ကြီးလေးတဲ့ ထောင်တန်တွေချ အပြစ်ပေးလုပ်ကိုင်နေပုံကို ဆရာဦးဝင်းဖေက သုံးသပ်တင်ပြထားပါတယ်။

ဟံသာဝတီ ဦးဝင်းတင် သတင်းဆောင်ပါးများ စာအုပ်အကြောင်း
နိုဝင်္ဘာ ၁၆၊ ၂၀၀၈ - မကြာသေးခင်ကမှ စစ်အစိုးရ အကျဉ်းထောင်မှ ပြန်လွှတ်မြောက်လာခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ရေးသားခဲ့တဲ့ ဆောင်ပါးများကို စုစည်းထုတ်ဝေခဲ့တဲ့ စာအုပ်အကြောင်းကို ဆရာမောင်စွမ်းရည် က မိတ်ဆက်တင်ပြထားပါတယ်။

အမေရိကန်ပြည်သူတွေ အတွေးအခေါ် ပြောင်းလဲတိုးတက်လာမှု
နိုဝင်္ဘာ ၉၊ ၂၀၀၈ - အမေရိကန်ပြည်ထောင်စုမှာ ပြည်သူတွေ အတွေးအခေါ်လွတ်လပ်လာမှုကို သမ္မတရွေးကောက်ပွဲ နဲ့  ဥပမာပေးပြီး ဆရာဦးဝင်းဖေက သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြောပြမှာ ဖြစ်ပါတယ်။

ရွှေချည်ထိုးပညာရှင် ကိုဇေယျတုရဲ့  ယုံကြည်ချက်
ဇူလိုင် ၂၅၊ ၂၀၀၉ - မိရိုးဖလာရိုးရာ လုပ်ငန်းတွေကို ထိန်းသိမ်းရမယ်လို့ ယုံကြည်တဲ့ မြန်မာ့ရွှေချည်ထိုး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ မန္တလေးမြို့  က ကိုဇေယျတုရဲ့ သူယုံကြည်ရာကို နားဆင်ရမှာပါ။

အဆိုတော် မာမာအေးရဲ့  ယုံကြည်ချက်
ဇူလိုင် ၁၈၊ ၂၀၀၉ - ဒီတပါတ် သူယုံကြည်ရာအစီအစဉ်မှာ ဓါတ်ပြားအဆိုတော် ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက် ငယ်ငယ်ကတည်းက ဖြစ်ပေါ်လာခဲ့တဲ့ အဆိုတော် မာမာအေးရဲ့  ယုံကြည်ရာကို နားဆင်ရမှာဖြစ်ပါတယ်။

ဒေါက်တာသက်ကိုကိုရဲ့  ယုံကြည်ချက်
ဇူလိုင် ၁၂၊ ၂၀၀၉ - ဒီတပါတ် သူယုံကြည်ရာ အစီအစဉ်မှာ ဗြိတိန်နိုင်ငံ Leeds General Infirmary ဆေးရုံ၊ ဆေးပညာ ဌာနက ဆရာဝန် Dr.သက်ကိုကို ရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။ “ကျန်မာခြင်းသည် လာဒ်တပါး ဖြစ်တယ် လို့ ယုံကြည်ပါတယ်။”

အဆိုတော် တင့်တင့်ထွန်း ရဲ့  ယုံကြည်ချက်
ဇူလိုင် ၀၄၊ ၂၀၀၉ - ဒီတပါတ် သူယုံကြည်ရာအစီအစဉ်မှာ အဆိုတော် ရုပ်ရှင်မင်းသမီး တင့်တင့်ထွန်းရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။ “ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ် ဆိုတဲ့ ကံ ကံရဲ့ အကျိုးကိုယုံကြည်ပါတယ်”

AAPP ကိုတိတ်နိုင် ရဲ့  ယုံကြည်ချက်
ဇွန် ၂၇၊ ၂၀၀၉ - ဒီတပါတ် သူယုံကြည်ရာအစီအစဉ်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကို ဆောင်ရွက်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က အထွေထွေအတွင်းရေးမှုး ကိုတိတ်နိုင်ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။ “လူတိုင်းမှာ မွေးရာပါ အခွင့်အရေးရှိတယ်လို့  ယုံကြည်တယ်”

ဦးဝင်းတင် ရဲ့ ယုံကြည်ချက်
ဇွန် ၂၁၊ ၂၀၀၉ - ဒီတပါတ် သူယုံကြည်ရာအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။ “ကိုယ်တာဝန်အရ လုပ်စရာရှိတာကို မဖြစ်ဖြစ်အောင် လုပ်ရမယ်လို့  ယုံကြည်တယ်။” (အပြည့်အစုံ)

စာရေးဆရာ ကိုထိန်လင်းရဲ့  ယုံကြည်ချက်
ဇွန် ၁၃၊ ၂၀၀၉ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာတော့ ပြည်ပစာနယ်ဇင်း (မိုးမခ၊ ဧရာဝတီ) တွေမှာ ရေးသားနေတဲ့  စာရေးဆရာ ကိုထိန်လင်းရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။ “ကိုယ်ဖြစ်ချင်တာကို တစိုက်မတ်မတ် ကြိုးစားရင် အောင်မြင်မယ်လို့ ယုံကြည်တယ်”

ဒေါက်တာမျိုးမြတ်လွင်ရဲ့ ယုံကြည်ချက်
ဇွန် ၀၆၊ ၂၀၀၉ - ဒီတပါတ် သူယုံကြည်ရာအစီအစဉ်မှာ ဗြိတိန်နိုင်ငံ ဆောလ်(စ်)ဘရီ ဆေးရုံ (Salisbury hospital) က ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးမြတ်လွင်ရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ၊ “ကလေးတွေကို ငယ်ငယ်ထဲက သွင်သင်ဆိုဆုံးမဖို့  အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။”

ဒေါ်စု လုံခြုံရေးအဖွဲ့ဝင် ကိုအောင်ထူးရဲ့  ယုံကြည်ချက်
“တရားစောင့်တဲ့သူကို တရားကပြန်စောင့်ပါတယ်လို့” ယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ဝင် တယောက်ဖြစ်ခဲ့သူ ကိုအောင်ထူးရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

သတင်းထောက်ကိုစိုး ရဲ့  ယုံကြည်ချက်
မေ ၂၃၊ ၂၀၀၉ - “မတရားမှုတွေ လက်အောက်က လွတ်မြောက်နိုင်ဖို့ သတင်းသမားတွေရဲ့  အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့  ယုံကြည်တဲ့  စာနယ်ဇင်းသမား ဧရာဝတီသတင်းမဂ္ဂဇင်း သတင်းထောက် ကိုစိုးရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

FBC (တောင်အာဖရိက) မှ ကိုမျိုးနိုင်ရဲ့  ယုံကြည်ချက်
မေ ၁၆။ ၂၀၀၉ - “မြန်မာပြည်မှာ ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်အောင် မကြာခင်လုပ်နိုင်မယ်” လို့ ယုံကြည်တဲ့ တောင်အာဖရိကနိုင်ငံက မြန်မာ့အရေးလှုပ်ရှားနေသူ 'Free Burma Campaign' အဖွဲ့က ကိုမျိုးနိုင် ရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

ဘလော့ဂါ ကိုဇာနည်ဝင်း ရဲ့  ယုံကြည်ချက်
မေ ၀၉၊ ၂၀၀၉ - “မြန်မာတွေ နိုင်ငံခြားထွက်တာဟာ ကိုယ့်မိသားစုသာမက ကိုယ့်တိုင်းပြည်အတွက်ပါ အကျိုးရှိတယ်” လို့ ယုံကြည်တဲ့ ဘလော့ဂါ ကိုဇာနည်ဝင်း ရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

ကိုသီဟရဲ့  ယုံကြည်ချက်
မေ ၂၊ ၂၀၀၉ - "ကမ္ဘာနိုင်ငံတွေမှာ စစ်အာဏာရှင်စနစ်ဟာ ဘယ်တော့မှ ရေရှည်မတည်မြဲနိုင်ဘူး” လို့ ယုံကြည်တဲ့ ၈၈ မျိုးဆက်ကျောင်းသား၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသီဟရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

ကိုအောင်မြင့်ထွန်းရဲ့  ယုံကြည်ချက်
ဧပြီ ၂၅၊ ၂၀၀၉ - “သန့်ရှင်းတဲ့ ကုသိုလ်ကိုပြုလုပ်ရင် စိတ်ကြည်လင်မှုကို အပြည့်အဝ ခံစားရမယ်” လို့  ယုံကြည်တဲ့ မလေးရှားနိုင်ငံ အလော်စက်တား (Alor Setar) မြို့ မှာ အလုပ်လုပ်နေတဲ့  ကိုအောင်မြင့်ထွန်းရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

ကိုအောင်လွင်ထက် ရဲ့  ယုံကြည်ချက်
ဧပြီ ၁၈၊ ၂၀၀၉ - “စည်းလုံးမှုရှိရင် အောင်မြင်မှုရတယ်” လို့ ယုံကြည်ထားတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား ကိုအောင်လွင်ထက် ရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

မော်ဒယ် ပုလဲဝင်း ရဲ့  ယုံကြည်ချက်
ဧပြီ ၁၁၊ ၂၀၀၉ - “ဖြစ်လာမဲ့ အကျိုးဆက်ကို ကြည့်ပြီး ကောင်းအောင်လုပ်ရင် ကောင်းတာဖြစ်မယ်” လို့ ယုံကြည်တဲ့  မော်ဒယ် ရုပ်ရှင်သရုပ်ဆောင် ပုလဲဝင်း ရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

ဂီတာသမား ကိုနိုင်ဇော်ရဲ့  ယုံကြည်ချက်
ဧပြီ ၀၄၊ ၂၀၀၉ - "လူတယောက်နဲ့  တယောက် ရိုင်းပင်းကူညီကြရင် လောကကြီး ပိုမိုလှလာမယ်” လို့ ယုံကြည်တဲ့  ဂီတာသမား ကိုနိုင်ဇော် လေးဇီးကလပ် (Lazy Club) တီးဝိုင်းရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ၊

ဦးမိုးသူ ရဲ့  ယုံကြည်ချက်
မတ် ၂၈၊ ၂၀၀၉ - “ဖန်တီးနိုင်တဲ့  စိတ်ကူးတွေပေါ်လာဖို့ လွတ်လပ်မှုဟာ အရေးကြီးတယ်လို့” ယုံကြည်တဲ့ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

အဆိုတော် ဆုန်သင်းပါ ရဲ့  ယုံကြည်ချက်
မတ် ၂၁၊ ၂၀၀၉ - ဒီတပါတ် သူယုံကြည်ရာ အစီအစဉ်မှာ “ရိုးသားမှုနဲ့  ဘာလုပ်လုပ် ပြီးဆုံးအောင်လုပ်ရမယ်လို့  ” ယုံကြည်တဲ့ အဆိုတော် ဆုန်သင်းပါ ရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

ဦးလှဖေ ရဲ့  ယုံကြည်ချက်
မတ် ၁၅၊ ၂၀၀၉ - “ကမ္ဘာမှာ စစ်ပွဲတွေမဖြစ်ဖို့  ငြိမ်းချမ်းရေးဟာ အရေးကြီးတယ်လို့ ” ယုံကြည်တဲ့ ကျောင်းသားခေါင်းဆောင် ဟောင်း၊ တက္ကသိုလ်ဆရာဟောင်း ဦးလှဖေ ရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

ကိုစိုးမင်းနိုင်ရဲ့  ယုံကြည်ချက်
မတ် ၇၊ ၂၀၀၉ - “မြန်မာနိုင်ငံတိုးတက်ဖို့ ၊ ပြည်သူလူထု ဆင်းရဲတွင်းကနေ ထွက်နိုင်ဖို့ ၊ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ လိုအပ်တယ်လို့ ” ယုံကြည်တဲ့  နိုင်ငံတကာလှည့်လည် တာဝန်ထမ်းဆောင်နေတဲ့  သင်္ဘောသား ကိုစိုးမင်းနိုင်ရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

အရှင်ဂမ္ဘီရ မယ်တော်ရဲ့  ယုံကြည်ချက်
ဖေဖေါ်ဝါရီ ၂၈၊၂၀၀၉ - “ငါးပါးသီလကို စောင့်ထိန်းရတဲ့  ဗုဒ္ဓသာသာဟာ ကိုးကွယ်အပ်တဲ့ ဘာသာလို့” ယုံကြည်တဲ့ နိုင်ငံရေးအကျဉ်းသား အရှင်ဂမ္ဘီရ မယ်တော် ဒေါ်ရေး ရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

ဒေါက်တာသန်းငြိမ်း ရဲ့  ယုံကြည်ချက်
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၀၉ - “မြန်မာနိုင်ငံမှာ လူမှုအပြောင်းအလဲတွေကို အဆင့် ၃ ဆင့်နဲ့ကျော်လွှားရင် အောင်မြင်နိုင်မယ်” လို့ ယုံကြည်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒု-ဥက္ကဌလည်းဖြစ်၊ ကျောက်တန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့  ဒေါက်တာသန်းငြိမ်း ရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

ဦးခင်မောင်ဆွေ ရဲ့  ယုံကြည်ချက်
ဖေဖေါ်ဝါရီ ၁၄၊ ၂၀၀၉ - “မြန်မာနိုင်ငံမှာ လူများစုချမ်းသာစေမဲ့ စီးပွားရေး အခွင့်အလမ်းတွေပေါ်လာနိုင်ဖို့  နိုင်ငံရေး နဲ့ စီးပွားရေးစနစ်ကို တပြိင်ထဲ ပြုပြင်ဖို့  လိုတယ်” လို့  ယုံကြည်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်၊ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

စစ်မုန်းသွေးရဲ ယုံကြည်ချက်
ဖေဖေါ်ဝါရီ ၀၇၊ ၂၀၀၉ - “နိုင်ငံတကာရောက် မြန်မာဒုက္ခသည်ကလေးတွေ တနေ့နေ့  တချိန်ချိန်ကျရင် မြန်မာနိုင်ငံကိုပြန်ခွင့်ရပြီး သာယာဖွံဖြိုးတဲ့ နိုင်ငံဖြစ်အောင် ထူထောင်နိုင်မယ်လို့ ” ယုံကြည်တဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့ မှာရှိတဲ့ SAW (အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်မှုအဖွဲ့) အထက်တန်းကျောင်းက ဆရာ ကိုစစ်မုန်းသွေးရဲ့  ယုံကြည်ရာကို သူယုံကြည်ရာ အစီအစဉ်မှာ နားဆင်ပါရှင်။

ဂေါ်ဇီလာရဲ့  ယုံကြည်ချက်
ဇန်နဝါရီ ၃၁၊ ၂၀၀၉ - အခုဆက်ပြီး နားဆင်ရမဲ့  သူယုံကြည်ရာအစီအစဉ်မှာ “မြန်မာနိုင်ငံသားတွေရဲ့ အဆင့် အတန်းမြင့် မားစေရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ရင် တနေ့ မှာဖြစ်လာမယ်” လို့ ယုံကြည်တဲ့ သီးလေးသီး အငြိမ့် အဖွဲ့ ကလူရွှင်တော် ကိုဂေါ်ဇီလာရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

မအေးအေးမော် ရဲ့  ယုံကြည်ချက်
ဇန်နဝါရီ ၂၄၊ ၂၀၀၈ - အခုတပါတ် သူယုံကြည်ရာအစီအစဉ်မှာ “အခက်အခဲရှိနေတဲ့ ခလေးတွေ၊ အမျိုးသမီးတွေကို ကူညီဖြေရှင်းပေးပြီး လူ့အဖွဲ့အစည်းကို တိုးတက်အောင်လုပ်နိုင်မယ့် လူတွေဖြစ်လာလိမ့်မယ်” လို့  ယုံကြည်တဲ့  ထိုင်းမြန်မာနယ်စပ်မှ Social Action for Women (SAW) အဖွဲ့ဝင် မအေးအေးမော်ရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

မခင်စန်းနွယ်ရဲ့  ယုံကြည်ချက်
ဇန်နဝါရီ ၁၇၊ ၂၀၀၈ - အခုတပါတ် သူယုံကြည်ရာအစီအစဉ်မှာ “ သူရဲကောင်းတွေ အစဉ်အဆက်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရမယ်” လို့  ယုံကြည်တဲ့  အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် (Indiana) ဖို့ထ်ဝိန် (Fort Wayne) မြို့ ရောက်နေသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် မခင်စန်းနွယ်ရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

ကံ့ကော်တော ဆရာတော်ရဲ့  ယုံကြည်ချက်
ဇန်နဝါရီ ၁၀၊ ၂၀၀၈ - ဒီတပါတ် သူယုံကြည်ရာအစီအစဉ်မှာ “ဗုဒ္ဓသာသနာ ကမ္ဘာကို ပြန့်ပွားစေဖို့  နိုင်ငံခြားဘာသာစကား တွေကိုလဲ လေ့လာဖို့ လိုတယ်” လို့  ယုံကြည်တဲ့ ကံ့ကော်တော ဆရာတော် ဦးပညာသာမိရဲ့  ယုံကြည်ရာကို နားဆင်ရမှာပါ။

ဦးတင်ဝင်း ရဲ့ ယုံကြည်ချက်
ဇန်နဝါရီ ၀၃၊ ၂၀၀၉ - အခုတပါတ်နားဆင်ရမဲ့  သူယုံကြည်ရာအစီအစဉ်မှာ “လူတိုင်းမှာ မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓါတ်ရှိသင့်တယ်” လို့  ယုံကြည်တဲ့  ဂျပန်နိုင်ငံ အိုတားမြို့ (Ota) က ဦးတင်ဝင်း ရဲ့ ယုံကြည်ရာကို နားဆင်ရမှာပါ။

စာရေးဆရာ ဦးအောင်သင်းရဲ့  ယုံကြည်ချက်
ဒီဇင်ဘာ ၂၈၊ ၂၀၀၈ - ဒီတပါတ် သူယုံကြည်ရာအစီအစဉ်မှာ “ အများအကျိုးဆောင်ရွက်တဲ့ နေရာမှာ ကိုယ့်အတ္တကိုစွန့်လွှတ်ပြီးလုပ်ခြင်းဟာ အမွန်မြတ်ဆုံးဖြစ်တယ်” လို့  ယုံကြည်တဲ့  စာရေးဆရာ ဦးအောင်သင်းရဲ့  ယုံကြည်ရာ အစီအစဉ်ကို နားဆင်ရမှာပါ။

ကိုသွင်လင်းအောင်ရဲ့  ယုံကြည်ချက်
ဒီဇင်္ဘာ ၂၀၊ ၂၀၀၈ - ၈၈ အရေးတော်ပုံ ကျောင်းသား ကိုသွင်လင်းအောင် ရဲ့  ယုံကြည်ချက်ကို သူယုံကြည်ရာအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။
"မိမိတို့ လူအသိုင်းအဝိုင်း အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို အတက်နိုင်ဆုံး ဖြည့်စည်းလုပ်ကိုင် သွားသင့်တယ်လို့ ယုံကြည်တယ်။"

အရှင်နရသီဟ ရဲ့ ယုံကြည်ချက်
ဒီဇင်္ဘာ ၁၃၊ ၂၀၀၈ - ထိုင်းနိုင်ငံ ကို ခေတ္တရောက်နေတဲ့ မြန်မာရဟန်းတော် အရှင်နရသီဟ ရဲ့ ယုံကြည်ရာကို သူယုံကြည်ရာအစီအစဉ်မှာ နားဆင်နိုင်ပါတယ်၊
"လူတွေ အသိပညာရှိမှ အမှားအမှန်ခွဲခြားသိနိုင်မယ်လို့ ယုံကြည်တယ်"

GW ကိုမိုးသွေး ရဲ့ ယုံကြည်ချက်
ဒီဇင်္ဘာ ၆၊ ၂၀၀၈ - မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) က ကိုမိုးသွေး ရဲ့ ယုံကြည်ရာကို သူယုံကြည်ရာ အစီအစဉ်မှာ နားဆင်ပါ။
“မတရားမှုတွေကို ကိုယ်တိုင်မလုပ်သင့်သလို လုပ်နေတဲ့ သူတွေကို တွန်းလှန်တိုက်ဖျက်သင့်တယ်လို့  ယုံကြည်တယ်။”

ကိုအောင်မျိုးမင်း ရဲ့  ယုံကြည်ချက်
နိုဝင်္ဘာ ၂၉၊ ၂၀၀၈ - ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့  ဒါရိုက်တာ ကိုအောင်မျိုးမင်း ရဲ့  ယုံကြည်ရာကို သူယုံကြည်ရာ အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။ “ လူတိုင်းမှာ လူ့ အခွင့်အရေးရရှိရမယ်လို့ ယုံကြည်ပါတယ်”

NLD အဖွဲ့ဝင် ကိုသန့်ဇင်ဦးရဲ့  ယုံကြည်ချက်
နိုဝင်္ဘာ ၂၂၊ ၂၀၀၈ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုသန့်ဇင်ဦးရဲ့  ယုံကြည်ချက်ကတော့ "လူသားအချင်းချင်း အပြန်အလှန် စာနာစိတ်ရှိခြင်း၊ ကိုယ်ချင်စားတရားထားကြပါက တိုင်းပြည် နဲ့ လူမျိုးတိုးတက်လာမယ်ဖြစ်ကြောင်း" ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

ဦးခင်မောင်ညို (ဘောဂဗေဒ) ရဲ့  ယုံကြည်ချက်
နိုဝင်္ဘာ ၁၅၊ ၂၀၀၈ - စီးပွားရေးပညာရှင် ဦးခင်မောင်ညို က 'မသေချာ မရေရာ မခိုင်မြဲတဲ့ဘဝမှာ သေချာတဲ့ ရတနာသုံးပါး ကိုးကွယ်စည်းကပ် ခြင်းဖြင့် မိမိဘဝကို တည်ဆောက် နေထိုင်ကြောင်း ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

NLD အဖွဲ့ဝင် ဦးတိုးလှိုင်ရဲ့  ယုံကြည်ချက်
နိုဝင်္ဘာ ၈၊ ၂၀၀၈ - တောင်သာမြို့ နယ်၊ ဇကြန်း ကန်မြဲကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျေးရွာအဖွဲ့ဝင် ဦးတိုးလှိုင်ရဲ့  ယုံကြည်ရာကို သူယုံကြည်ရာ “ဘယ်ကိစ္စမဆို ပုဂ္ဂိုလ်ရေးမနွယ်ဘဲ လက်တွေ့ ကျကျလုပ်မယ်ဆိုရင်၊ အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။”