Published October 31, 2012
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံ ရွှေလီမြို့မှာ အင်္ဂါနေ့က စတင်ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲ အတွင်းမှာတော့ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတခု ဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေးရနိုင်မယ့် အခြေခံကျတဲ့ ကိစ္စတွေကို အဓိကဦးစားပေး ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်လာတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ပြောခဲ့သလို၊ KIO ဖက်ကလည်း နိုင်ငံရေးအရ ဆွေးနွေးတဲ့ အဆင့်အထိ ဖြစ်လာစေဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့တာပါ။