Loading
12:00:00 / -:--:--

သမ္မတအိုဘားမား ခရီးစဉ်နှင့် တုန့်ပြန်ချက်များ

Published November 10, 2012

မကြာခင်သီတင်းပတ်အတွင်းမှာပဲ မြန်မာနိုင်ငံဆီ လာရောက်မယ့် အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ခံတွေကကြိုဆိုကြပါတယ်။ ရာစုနှစ်ဝက်လောက် စစ်အုပ်ချုပ်ရေး လက်အောက်မှာရှိခဲ့တဲ့ မြန်မာနိုင်ငံ ရဲ့ နုနယ်သေးတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအပေါ် နိုင်ငံတကာက အားပေးထောက်ခံတာတွေ တိုးလာနေချိန်မှာပဲ သမ္မတ အိုဘားမားရဲ့ အခု မြန်မာပြည်ခရီးစဉ်သတင်း ထွက်ပေါ်လာတာပါ။ ဒါပေမယ့် အမေရိကန် သမ္မတတဦးအနေနဲ့ အခုလို မြန်မာ ပြည်ကိုသွားဖို့ စီစဉ်တာဟာ စောလွန်းသေးတယ်ဆိုတဲ့ ဝေဖန်ပြောဆိုသံတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ကိုကျော်သိင်္ခက စုစည်းတင်ပြပေးထားပါတယ်။