Loading
12:00:00 / -:--:--

ငလျင်နောက်ဆက်တွဲ အခြေအနေ

Published November 13, 2012

တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးမှာ ဗဟိုပြုပြီး ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးမှုတွေထိခိုက်ဒဏ်ရာရ မှုတွေ ရှိနေသလို နောက်ဆက်တွဲ ငလျင်ငယ်လေးတွေလည်းဆက် တိုက်ဆိုသလို ဆက်ပြီးလှုပ်ခတ်နေတဲ့ အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာမှာ ရှောင်နေကြရပါတယ်။ ငလျင်ဒဏ်ကြောင့်ထိခိုက် ဒဏ်ရာရသူတွေကို အစိုးရ ပိုင်းနဲ့လူမှုကယ်ဆယ်ရေးအဖွဲ့အစည်း တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့အကူအညီပေးနေကြ သလို တချိန်ထဲမှာပဲ သေဆုံးသူ၊ ပျောက်ဆုံးသူတွေကိုလည်းလိုက် လံ ရှာဖွေနေဆဲဖြစ်ပါတယ်။ ငလျင်ဒဏ်ခံရတဲ့ဒေသတွေက နောက်ဆုံး အခြေအနေတွေနဲ့ပတ်သက်ပြီး Reuters နဲ့ APသတင်း ဌာန တွရဲ့ သတင်းပေးပို့ချက်တွေကို ကိုကျော်သိင်္ခက စုစည်းတင်ပြ ပေးထားပါတယ်။