Published November 17, 2012
ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေဟာ လူမျိုးစုနှစ်ခုကြားဖြစ်ပျက်တဲ့ ပဋိပက္ခတခုတင်မကဘဲ နက်ရှိုင်းတဲ့ ပြဿနာတရပ်ဖြစ်တာကြောင့် အချိန်ယူဖြေရှင်းဖို့ လိုအပ်တယ်လို့ သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တဦးက ပြောလိုက်ပါတယ်။ လောလောဆယ်မှာတော့ ဒီပြဿနာကို လုံခြုံရေးရှုဒေါင့်ကပဲ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောပါတယ်။ ဦးအောင်နိုင်ဦးကို ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက ဗွီအိုအေစတူဒီယိုဆီ ဖိတ်ခေါ်ပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။