Loading
12:00:00 / -:--:--

လက်ပန်းတောင်းတောင် ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ

Published November 29, 2012

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုတဲ့ သပိတ်စခန်းတွေကို ဖျက်သိမ်းပေးဖို့ ပြည်ထဲရေးဝန်ကြီး တောင်းဆိုထားတဲ့ နောက်ဆုံးသတ်မှတ်ရက်ကို အံတုပြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံတွေ ဗုဒ္ဓဟူးနေ့ကအထိ ဆက်လက် ဆန္ဒပြနေကြပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ဒီကနေ့ လာရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိနေတဲ့ အတွက်လည်း ဆန္ဒပြသူတွေ စိတ်အား ထက်သန် နေကြပါတယ်။ ဆန္ဒပြပွဲ နောက်ဆုံး အခြေအနေတွေကိုတော့ လက်ပန်းတောင်း သပိတ်စခန်းမှာ ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုသိန်းထိုက်ဦး က သတင်းပေးပို့ ထားပါတယ်။