Loading
12:00:00 / -:--:--

လက်ပံတောင်းကော်မရှင် ရှေ့ အလားအလာ

Published December 04, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုမှုတွေနဲ့ ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ စာရင်းသွင်းထားသူတချို့ နှုတ်ထွက်လိုက်တဲ့အတွက် အခုနောက်ဆုံး အစိုးရက ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့လည်း ကော်မရှင်မှာ မပါဝင်ရတာဟာ ဆန့်ကျင်တဲ့ သဘောထားမဟုတ်တဲ့ အကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောခဲ့ကြတာပါ။ လက်ပံတောင်းသပိတ် ဖြိုခွဲခံရချိန်မှာ အပြင်းအထန် ဒဏ်ရာရခဲ့သူတွေကတော့ အဖြစ်မှန် ပေါ်ပေါက်ဖို့ လိုလားနေကြတာပါ။ ကော်မရှင်ရဲ့ ရှေ့အလားအလာနဲ့ ကာယကံရှင်တွေရဲ့ သဘောထားတွေကိုတော့ မမိုးဖြူ က တင်ပြထားပါတယ်။