Published January 17, 2013
လာမယ့် တနလာင်္နေ့မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ဒုတိယ သမ္မတသက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကျင်းပဖို့ ရှိနေပါတယ်။ သမ္မတ အိုဘားမားရဲ့ ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားဟာဆိုရင် ၀ါရှင်တန်ဒီစီမှာရှိတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေအတွက် ကြီးမားတဲ့ အခွင့်အရေးကြီးတခုပါ… ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရောက်လာမယ့် ဧည့်သည်တွေ၊ ဈေးဝယ်တွေ မျက်စိကျအောင်လို့ ဒီဆိုင်တွေမှာ ဘယ်လို ပြင်ဆင်နေကြသလဲဆိုတာကို ဗွီအိုအေ သတင်းထောက် Carolyn Presutti က သတင်းပေးပို့ထားပါတယ်။ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်ရှင်။