Loading
12:00:00 / -:--:--

HRW ၀ါရှင်တန်ရုံး ညွန်ကြားရေးမှူးနဲ့ VOA တွေ့ဆုံမေးမြန်းခန်း

Published January 17, 2013

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့ အခြေစိုက် Human Rights Watch -လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေအနေ သိသိသာသာတိုးတက်လာတာကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ လူထုကို အချိန်မရွေး ဖမ်းဆီးပြစ်ဒဏ်ပေးနိုင်တဲ့ Electronic လို ဥပဒေမျိုးတွေကို ပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်လို့ ထောက်ပြ လိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ Human Rights Watch အဖွဲ့ရဲ့ ၀ါရှင်တန်ရုံး ညွှန်ကြားရေးမှူးလည်းဖြစ် မြန်မာနိုင်ငံကို ရောက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Tom Malinowski ကို VOA မြန်မာပိုင်းအစီအစဉ်က ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။