Published January 19, 2013
အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ဘတ်စ်ကက်ဘောအားကစား အပြန်အလှန်ဖလှယ်ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံ မှာ ရောက်နေ တဲ့ မြန်မာအလူငယ် ဘတ်စကက်ဘောအသင်း ဟာ မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ် ရှားလော့မြို့ ကို ရောက်
နေပါတယ်။ ဒီအသင်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်ဖြစ်
မြောက်အောင် အမေရိကန်ပြည်ထောင်စုမှာ နာမည်ကျော် ဘတ်စကတ်ဘော အသင်းတခုဖြစ်တဲ့ ဘော့ပ်ကတ်စ် အသင်းရဲ့ အထွေထွေမန်နေဂျာ ရစ်ခ်ျချိုက စီစဉ်ပေးခဲ့တာပါ။ ယုံကြည်ရာကို ခွန်စိုက်အားစိုက်လုပ်ဖို့အတွက် မြန်မာလူငယ်အသင်းကို လေ့ကျင့်သင်ကြားပေးတဲ့ ရစ်ခ်ျချိုက တိုက်တါန်းပြောဆိုပါတယ်။ ရှားလော့ခ်မြို့ကနေ ကိုအောင်အောင် သတင်းပေးပို့ပါတယ်။