Published January 24, 2013
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လတွေအတွင်းဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ယာဉ်တိုက်မှုတွေ
များပြားလာခဲ့ပါတယ်။ ခရီးသည်တွေနဲ့ ယာဉ်မောင်းသူတွေ သွားရေးလာရေးလွယ်ကူအဆင်ပြေစေအောင် သမ္မတဦးသိန်းစိန်က အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အစည်းကို မကြာသေးခင်က စတင်ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ အစည်း
ကနေပြီးတော့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေကို အရေးယူဆောင်ရွက်နေပြီဖြစ်ပါတယ်။ Reuters သတင်းဌာနက သတင်းပေးပို့ချက်ကို မေစန္ဒီက တင်ပြမှာဖြစ်ပါတယ်။