Loading
12:00:00 / -:--:--

မတူညီသူကို လက်တွဲဖို့ ဒေါ်စုတိုက်တွန်း

Published January 31, 2013

တောင်ကိုရီးယားနိုင်ငံကို ငါးရက်ကြာခရီး သွားရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့က ဖျောင်းချမ်း အထူး ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ခဲ့သလို ဒီအားကစားပြိုင်ပွဲမှာ ကျင်းပတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံမှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အသိဥာဏ်ဖွံ့ဖြိုးမှု အားနည်းတဲ့ အခက်အခဲနဲ့ ကိုယ်အဂါင်္ မသန်မစွမ်းဖြစ်မှုတွေကို ကျော်လွှားဖို့ စိတ်ဓာတ်က အရေးကြီးတယ်လို့ ဆိုပါတယ်။ သူများနဲ့မတူကွဲပြားမှုတွေ ရှိနေတယ်ဆိုပြီး ၀ိုင်းဖယ်ထားတာမျိုးတွေ မဖြစ်သင့်ဘူးလို့ဆိုပါတယ်။