Loading
12:00:00 / -:--:--

ရန်ကုန်ကားဈေးကွက်

Published February 09, 2013

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကားတင်သွင်းမှုနဲ့ပတ်သက်တဲ့ မူဝါဒတွေ ပြောင်းလဲခဲ့တာကြောင့် ကားဈေးတွေ ကျပြီး ၀ယ်စီးနိုင်တဲ့သူတွေလည်း များလာခဲ့ပါတယ်။ တချိန်တည်းမှာ ကားဈေးအဆမတန်ကျသွားတဲ့အတွက် မော်တော်ယာဉ်တင်သွင်းထုတ်လုပ်သူ ပိုင်ရှင်တချို့ဆိုရင် ဆိပ်ကမ်းအရောက်တန်ဖိုး အဆမတန် ကျဆင်းသွားတဲ့အတွက် ဂျပန်ကနေ တင်သွင်းလာတဲ့ ကားတွေကို ဆိပ်ကမ်းကနေ ထုတ်မယူတော့ဘဲ အဆုံးခံလိုက်သူတွေတောင် ရှိတယ်လို့ ကားရောင်းဝယ်သူတွေကပြောပါတယ်။ မြန်မာနိုင်ငံ ကားဈေးကွက်အကြောင်း မြစ်မခ မီဒီယာက မေသင်္ကြန်ဟိန်က သတင်းပေးပို့ထားပါတယ်။