Loading
12:00:00 / -:--:--

ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီပါတီတွေရဲ့ မျှော်လင့်ချက်

Published February 13, 2013

၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့အတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိစေဖို့ သက်ဆိုင်သူတွေ အားလုံးပါဝင်နိုင်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တရပ်ကျင်းပဖို့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေက တိုက်တွန်းလိုက်ကြပါတယ်။ အစိုးရကကြီးမှူးပြီး ပြည်ထောင်စု လုံးဆိုင်ရာ သဘောတူညီချက် ပဋိဥာဉ်တရပ် ချမှတ်နိုင်တဲ့အထိ နိုင်ငံရေးပါတီတွေ၊ တပ်မတော်နဲ့ လူထုကလည်း ၀ိုင်းဝန်း ပံ့ပိုး ကူညီကြဖို့ တိုက်တွန်းခဲ့တာပါ။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် တိုင်းပြည်မှာ ညီညွတ်မှုရစေရေး တိုက်တွန်းခဲ့ကြတဲ့ အကြောင်းကိုတော့ ရန်ကုန်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကိုစည်သူနိုင် ကသတင်းပေးပို့ထားပါတယ်။