Multimedia

Spitfire လေယာဉ်များ ဆက်လက်ရှာဖွေi
|| 0:00:00
...
 
🔇
X
February 19, 2013 4:54 PM
ဗြိတိသျှလေတပ်က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ မြှုပ်နှံထားခဲ့တယ်လို့ ယူဆနေကြတဲ့ Spitfire လေယာဉ်ရှာဖွေရေးအဖွဲ့က ဇွဲမလျှော့ဘဲဆက်လက်ရှာဖွေသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရှာဖွေရေးလုပ်ငန်းတွေကို ရန်ပုံငွေပံ့ပိုးပေးနေတဲ့ Wargaming Company က Spitfire လေယာဉ်တွေမြှုပ်နှံထားတာမရှိနိုင်ဘူးလို့ သတင်းထုတ်ပြန်လိုက်ပြီးတဲ့နောက် အခုလိုပြောဆိုလိုက်တာပါ။ ဥရောပကနေ Ground Penetrating Radar Expert မြေအောက်ထွင်းဖေါက် စူးစမ်းတိုင်းတာရေးကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဆက်လက်ရှာဖွေသွားမှာဖြစ်ကြောင်း၊ မြစ်ကြီးနားအနီးမြှုပ်နှံခဲ့တယ်လို့ ယူဆရတဲ့မြေအောက်မှာ သတ္တုအပိုင်းအစ ၂ ခုတွေ့ထားပြီး စမ်းသပ်ဖို့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ Spitfire ရှာဖွေရေးအဖွဲ့ ဦးဆောင်သူ David Cundall က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ ကိုစည်သူကပြောပြပေးမှာပါ။

Spitfire လေယာဉ်များ ဆက်လက်ရှာဖွေ

Published February 19, 2013