Published February 20, 2013
ရုပ်ရှင်တွေထဲမှာ မှတ်တမ်းရုပ်ရှင်တွေဟာ လူကြိုက်အနည်း ဆုံးဖြစ်ပြီးတော့ Special Effects လို့ခေါ်တဲ့ အထူး ဖန်တီး ပြသတဲ့ အချက်တွေ (ဒါမှမဟုတ်) နာမည်ကြီး သရုပ်ဆောင်တွေ မပါဝင်ပါဘူး။ မှတ်တမ်းရုပ်ရှင်တွေထဲက အဓိက ဇာတ်ကောင်တွေဟာ သာမန် လူတွေ ဖြစ်နေတတ်ပါတယ်။ မှတ်တမ်းရုပ်ရှင်တွေကို ရုပ်ရှင်ရုံကြီးတွေမှာ ပြသတာမျိုးမရှိသလို၊ တခြားရုပ်ရှင်ကားတွေ နဲ့ ယှဉ်ပြီးတော့ ပြသနိုင်တဲ့အနေအထားလည်း မရှိပါဘူး။ ဒါပေမယ့် နိုင်ငံရေး နဲ့ လူမှုရေး ဆိုင်ရာအဖြစ်အပျက်တွေကို ဖော်ပြရာမှာ ဒီမှတ်တမ်းရုပ်ရှင်တွေဟာ ထိရောက်ပြီးတော့၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ အတွေးအခေါ် ကိုလည်း ပြောင်းလဲပေးနိုင်တဲ့စွမ်းအားရှိပါတယ်။ အခုနှစ် အော်စကာဆုပေးပွဲ အတွက် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆန်ကာတင်စာရင်းမှာ တင်သွင်းခံထားရတဲ့ မှတ်တမ်းရုပ်ရှင်တွေအကြောင်း ဗွီအိုအေ သတင်းထောက် Penelope Poulou က သတင်းပေးပို့ထားပါတယ်။ ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။