Loading
12:00:00 / -:--:--

Harlem Shake အက

Published February 22, 2013

Youtube အင်တာနက်စာမျက်နှာပေါ်က Harlem Shake လို့ခေါ်တဲ့ မြူးဇစ် အက ဗွီဒီယိုဟာ တနေ့တခြား ကြည့်ရှုသူ အရေအတွက်တိုးလာသလို၊ အမေရိကန် ပြည်ထောင်စု အပါအ ၀င်၊ ကမ္ဘာတ၀ှမ်းက ပရိသတ် ထောင်ပေါင်းများစွာကို ဖမ်းစားနေပါတယ်။ New York မြို့က DJ တယောက်ဖန်တီးတဲ့ ဒီဗွီဒီယိုကို အရင်တုန်းက စိတ်ဝင်စားသူသိပ် မရှိခဲ့ကြပေမယ့်၊ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မှာပဲ၊ လူထောင်ပေါင်းများစွာက သူတို့ကိုယ်တိုင် ဒီမြူးဇစ်တီးလုံး နဲ့ ကပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုကိုအတိုလေးတွေကို လည်း Youtube မှာ တင်လာကြ တာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Michael Lipin သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။