Published March 09, 2013
မတ်လ ၈ရက်နေ့ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ အမျိုးသမီးများ အတွက် နေ့ထူးနေ့မြတ်တခုအဖြစ် ခံယူတဲ့ နေ့ တနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က နယူးဒေလီမြို့တော်မှာ တက္ကသိုလ်ကျောင်းသူလေးတဦးကို လူအစုလိုက်ဝိုင်းပြီး အဓမ္မကျင့်ခဲ့တဲ့ အမှုဟာ အမျိုးသမီးထုကြားမှာ အမေ့နိုင်စရာအဖြစ်အပျက်တခုပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နယူးဒေလီမြို့မှာ ရှိတဲ့ ဗွီအိုအေသတင်းထောက် Aru Pande ရဲ့သတင်းကို မမေစန္ဒီကပြောပြမှာဖြစ်ပါတယ်။