Loading
12:00:00 / -:--:--

ကချင်ဒေသ မူးယစ်ဆေးပြဿနာ

Published March 22, 2013

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေအပြင် လူမှုရေးပြဿနာ တခုအဖြစ် မူးယစ်ဆေးစွဲတဲ့ ကိစ္စဟာ ကြီးမားတဲ့ စိမ်ခေါ်မှုတခု ဖြစ်နေပါတယ်။ ကချင်ပြည်နယ်တွင်း တချို့ဒေသတွေမှာ လူငယ်တွေ ဘိန်းဖြူစွဲနေကြတဲ့နှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့တောင် ဆိုကြပါတယ်။ လူငယ်တွေကြား ကြီးထွားနေတဲ့ မူးယစ်ဆေးစွဲတဲ့ ပြဿနာကိုတော့ အခုအခါ ဘာသာရေးနဲ့ တဖက်တလမ်းကနေ ကုစားပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ အကြောင်းကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။