သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် သုံးသပ်ချက်


ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် သုံးသပ်ချက်
please wait

No media source currently available

0:00 0:15:12 0:00

မနှစ်က ရခိုင်ပြည်နယ်တွင်း လူပေါင်း ၁၉၂ ယောက်သေဆုံး၊ ၂၆၅ ယောက် ဒဏ်ရာရ၊ နေအိမ်ပေါင်း ၈,၆၀၀ ကျော် ဖျက်ဆီးခံခဲ့ ရပြီးတော့ ခန့်မှန်းခြေ လူပေါင်း ၁၀၀,၀၀၀ အိုးအိမ်စွန့် ထွက်ပြေး ခဲ့ကြရတယ်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ ဧပြီလ ၂၂ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ လူမှုအဝန်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေဖြစ်ခဲ့ပြီးတဲ့နောက် ပုံမှန် အခြေအနေပြန်ရောက်ဖို့ အချိန်ယူရမှာဖြစ်သလို နိုင်ငံသားဖြစ်မှုမှာလည်း တည်ဆဲ ဥပဒေတွေနဲ့အညီ လိုက်နာရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဥပဒေကိုသာ မှန်ကန်စွာနဲ့ လိုက်နာခဲ့မယ်ဆိုရင် ပြဿနာတွေကို တားဆီး နိုင်ခဲ့မှာဖြစ်ပြီး ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ တခြားတာဝန်ရှိသူ တွေကြား မသမာမှုတွေရှိတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကို VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

XS
SM
MD
LG