Loading
12:00:00 / -:--:--

ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ အန္တရာယ်

Published November 23, 2012

ရာသီဥတု ဖောက်ပြန်မှုတွေဟာ အထင်အရှား တွေ့မြင်နေရတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာနေတာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ၀ိုင်းဝန်း ဖြေရှင်းကြဖို့ ကုလသမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။ အမေရိကန် အပါအ၀င် ကမ္ဘာတ၀ှမ်း နိုင်ငံပေါင်း ၂၀၀ လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့် ရှေ့သီတင်းပတ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ကာတာနိုင်ငံ ဒိုဟာမြို့က ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ မတိုင်မီမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Suzanne Presto ရဲ့ သတင်းဆောင်းပါး ကိုတော့ မသိဂီ င်္ထိုက် က တင်ပြထားပါတယ်။