ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းi
|| 0:00:00
...  
🔇
X
November 29, 2012 3:09 PM
မုံရွာမြို့အနီး၊ ဝမ်ပေါင်ကုမ္ပဏီနီရှေ့မှ ရှိ တဲ့ ကြေးနီစီမံကိန်းရပ် တန့်ရေး ဆန္ဒပြနေတဲ့ ပင်မသပိတ် စခန်း၊ ကျော်ရွာသပိတ် စခန်း တွကို မနေ့က မနက်သုံးနာရီမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စတင်ဝင်ရောက် စီးနင်းပြီး မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ပါတယ်။ အဲဒီလို ဖြိုခွဲရာမှာ အသုံးပြုတဲ့ မီးလောင်ဗုံးထိမှန်ခဲ့တာကြောင့် သံဃာတချို့ သင်္ကန်းတွေနဲ့ အရေပြားတွေမှာ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီ နဲ့ မနီးမဝေးမှာရှိတဲ့ ရွာရှေ နဲ့ ဖောင်းကားရွာတွေအထိ ထွက်ပြေး ဆုတ်ခွာသွားကြရပါတယ်။ ဒီအကြောင်း အသေးစိပ်ကိုတော့ အကြမ်းဖက်နှိမ်နှင်းခံခဲ့ရတဲ့ လက်ပန်းတောင်း တောင် ကြေးနီ စီမံကိန်းနေရာမှာ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုသိန်းထိုက်ဦးက သတင်းပေးပို့ထားပါတယ်။

ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်း

Published November 29, 2012