Published December 27, 2012
ဟဲဟိုးလေယဉ်ကွင်းနားမှာ အရေးပေါ်ဆင်းသက်ပြီး ပျက်ကျခဲ့တဲ့ Air Bagan လေယဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ အကြောင်း မနေ့က ရန်ကုန် ကန်တော်ကြီး Palace ဟော်တယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Air Bagan တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ လေယဉ်ပေါ်မှာ ထိခိုက် ဒဏ်ရာရခဲ့တဲ့သူတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ထားတယ်လို့လည်း ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပါလိမ့်မယ်။