ဗြိတိန် နဲ့ EU ဆက်ဆံရေးi
|| 0:00:00
...
 
🔇
X
January 24, 2013
လာမယ့်ရွေးကောက်ပွဲမှာ သူ့ပါတီအနိုင်ရမယ်ဆိုရင် ဗြိတိန်အနေနဲ့ ကျန်ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးအပေါ် ပြန်လည်စေ့စပ် ဆွေးနွေးဖို့စီစဉ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ကြေငြာလိုက်ပါတယ်။ ဒါနဲ့ ပက်သက်ပြီး လာမယ့် ၅ နှစ်အတွင်း လူထုဆန္ဒခံယူပွဲလုပ်သွားမယ်လို့ လည်းပြောလိုက် ပါတယ်။ ဒါပေမယ့် ဗြိတိန်ဝန်ကြီးချုပ်လိုလားတဲ့ အပြောင်းအလဲ မျိုးကို လုပ်ပေးဖို့အတွက်တော့ ကျန်တဲ့ဥရောပတိုက် ခေါင်းဆောင် တွေက တွန့်ဆုတ်နေကြပါတယ်။ ၀န်ကြီးချုပ်အနေနဲ့ အန္တရာယ်ရှိ တဲ့လမ်းကြောင်းကို ရွေးလိုက်တာလို့လည်း တချို့က သုံးသပ်ကြ ပါတယ်။ ဒီအကြောင်း နဲ့ ပက်သက်ပြီး ဗွီအိုအေ သတင်းထောက် Al Pessin လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။

ဗြိတိန် နဲ့ EU ဆက်ဆံရေး

Published January 25, 2013