ဂျပန်လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်
ဂျပန်အစိုးရအနေနဲ့ ကမ္ဘာ့လုံခြုံရေးအခန်းကဏ္ဍမှာ ပိုပြီး ကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ခွင့်ရရေး စီစဉ်နေကြောင်း ဂျပန်အရာရှိတွေက ပြောလိုက်ပါတယ်။ လောလောဆယ်မှာတော့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အမေရိကန်ရဲ့ ကြီးကြပ်စောင့်ကြည့်မှုနဲ့ ရေးဆွဲထားတဲ့ ပစိဖိတ်ဒေသ အခြေခံဥပဒေအတိုင်း ဖွဲ့စည်းထားတဲ့ တပ်မတော်သာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်ဖို့ လုံလောက်မှု မရှိဘူးလို့ ပြောဆိုနေပါတယ်။ ဂျပန်အစိုးရရဲ့ လတ်တလောအစီအစဉ်ဟာ တရုတ်နိုင်ငံနဲ့ ရေပိုင်နက်ကိစ္စ အငြင်းပွားမှုဖြစ်ခဲ့ပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တာ ဖြစ်တဲ့အကြောင်း သတင်းထောက် Henry Ridgwell တိုကျိုကနေ သတင်းပေးပို့ထားတာကို မခွာညိုက ဆက်ပြောပြပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၁ မေ၊ ၂၀၂၄
Incheon ကောင်းကင်ယံမှာ ဒရုန်းတွေနဲ့ ပုံဖော်အလှပြ
-
၁၁ မေ၊ ၂၀၂၄
ပညာအပြည့်အဝ မရနိုင်ကြသူများ
-
၁၁ မေ၊ ၂၀၂၄
ခက်ခဲတဲ့ Paul & Daisy Soros ပညာသင်ဆုရသူ
-
၁၁ မေ၊ ၂၀၂၄
LGBTQI+ အခွင့်အရေး